နံနက်၁၁နာရီကတည်းက မြို့ရဲ့အကြီးဆုံး Hotelကိုရောက်ရှိနေကြတာဖြစ်သည်။မင်္ဂလာအချိန်က နေလည်၂နာရီမှ ညနေ၅နာရီအထိဖြစ်သည်။Hotelတွင်ဘဲ မင်္ဂလာဆောင်ကာ အကျွေးအမွေးကိုလည်း Hotelရဲ့နာမည်ကြီးစားဖိုမှူးကိုသာ အပ်ထားသည်။မင်္ဂလာပွဲအတွက် မိတ်ကပ်နဲ့ ၀တ်စုံပြင်ဆင်ရန် Hotelတွင်သာ အခန်းနှစ်ခန်းထပ်ယူလိုက်ရသည်။သတိုးသားနှစ်ယောက်ရဲ့ ၀တ်စုံဒီဇိုင်း၊နက်ခ်တိုင်၊နားကပ်၊နာရီနဲ့ဖိနပ် အပြင် မိတ်ကပ်လိမ်းရန်အတွက် ဖြန့်ခင်းထားတဲ့ မိတ်ကပ်ပစ္စည်းများကို Cameraman တွေက videoလိုက်ရိုက်နေခြင်းဖြစ်သည်။
စစ်လွန်းကတော့ ရေချိုးပီး shower towelလေးနဲ့ မိတ်ကပ်မပြင်ခင် Hotel ရဲ့ စင်္ကြံလမ်းမှာ လမ်းလျှောက်လေးတဖြတ် videoရိုက်ရသေးသည်။မိတ်ကပ်လိမ်းနေချိန်တွင်လည်း videoရိုက်ခံနေရတာမို့ *မင်္ဂလာလေးတစ်ခါဆောင်ဖို့အရေး အဲ့လောက်တောင်အလုပ်ရှုပ်တာလား*ဟုပင်တွေးမိသေးသည်။မင်းဘုန်းကတော့ သူရေချိုးပီးခေါင်းသုပ်နေဟန်ကို video ရိုက်ခိုင်းထားတာဖြစ်သည်။ ရေချိုးပီးထွက်လာတဲ့ပုံက အောက်ပိုင်းတပတ်တထည်သာပါသည်မို့ ၀မ်းဗိုက်ကြွက်သားအမြှောင်းအမြှောင်းတွေနှင့် အင်မတန်မိမိုက်နေလေသည်။ပီးနောက် စစ်လွန်းမိတ်ကပ်လိမ်းနေတာကို မင်းဘုန်းကငေးကြည့်နေဟန်တွေလည်း ရိုက်ခိုင်းသေးသည်။စစ်လွန်းမိတ်ကပ်လိမ်းတာပီးသွားတော့ အ၀တ်အစားသွားလှဲနေစဉ် မင်းဘုန်းကမိတ်ကပ်လိမ်းခံနေပါသည်။မင်္ဂလာပွဲအတွက် ၀တ်စုံကတော့ စစ်လွန်းအကြိုက်ဆုံးဖြစ်တဲ့ ပန်းနုရောင် suit လေးဖြစ်သည်။အထဲက shirt ကိုတော့ အသားရောင်လေး၀တ်ပီး အပြင်က suitကိုတော့ ပန်းနုရောင်လေးဖြင့်တွဲထားပါသည်။မင်းဘုန်းရဲ့ ၀တ်စုံကတော့ အထဲက shirt က ပန်းနုရောင်လေးဖြစ်ပီး အပြင်က suit ကတော့ အသားရောင်လေးဖြစ်ပါသည်။ မင်းဘုန်းရဲ့ ဖောက်ထားတဲ့နားတဖက်တွင်တော့ စိန်တပွင့်လေး၀တ်ထားသည်။မင်းဘုန်း ၀တ်စုံ၀တ်ပီး နာရီပတ်နေစဉ် စစ်လွန်းက မင်းဘုန်းရဲ့ နက်ခ်တိုင်ကို သေချာသပ်ရပ်စွာချည်ပေးလိုက်သည်။ပီးနောက် နှစ်ယောက်သားလမ်းလျှောက်နေသည့်ပုံနှင့် Hotelထဲက လှပတဲ့နေရာတွေမှာပါ videoသွားရိုက်ဖြစ်သေးသည်။
