အပိုင်း ၂၆

19 3 4
                                    

CUထဲသို့ မနှေးမမြန်သောအရှိန်ဖြင့် မောင်း၀င်လာတဲ့ ကားတစ်စီးက ကန်တင်းနဲ့ မလှမ်းမကမ်းတွင်ရပ်တန့်သွားသည်။ဒီနေ့ မင်းဘုန်း ကျောင်းကို ၁၀နာရီမှရောက်ဖြစ်သည်။အတန်းလည်းမတက်ချင်တာမို့ သူငယ်ချင်းတွေရှိရာကန်တင်းဆီသို့ ‌ထွက်လာခဲ့သည်။

ကန်တင်းထဲက မိန်းကလေးအုပ်စုဝိုင်းတွင်~~~~
"ဟဲ့ ရှေ့မှာ လာနေတဲ့အကိုက အရမ်းချောတယ်နော်"

"ဪ...အဲ့တာ CS finalတန်းက မင်းဘုန်းမာန်သစ်တဲ့။သူတို့နှစ်က သူKingရတာလေ"

"RKထင်တယ်နော် ကျောင်းလာတိုင်း အမြဲကားနဲ့ဘဲ"

" RKမKတော့မသိဘူး မနှစ်က first semester ပီးလို့ငါအိမ်ပြန်တော့ သူ့ကို ကားကြီးကွင်းထဲမှာတောင် တွေ့လိုက်သေးတယ်။ဂိတ်မှူးလုပ်နေတာလား ဘာလားတော့မသိဘူး"

"ငါတော့ ကျောင်းတက်လာတဲ့တစ်လျှောက် သူ့ကိုကျောင်းမှာ သိပ်မမြင်ဖူးဘူးဘဲ"

"သူကကျောင်းသိပ်မတက်ဘူးနော် တခါတခါမှတွေ့ရတာ"

"ဟော....ဟိုမှာ မယ်နှင်းလာနေပါပီ"

"အေး ဒါနဲ့စောစောက စကားဆက်ရအုံးမယ်။နင်မှတ်မိလား ဟိုတခါက ငါတို့မြို့ထဲက Nail Salon မှာ ခြေသည်းလက်သည်း သွားဆိုးတုန်းကလေ...."

အင်း သိတယ်လေ မြို့ထဲကဆိုင်မလား။ဆိုင်နာမည်က ဘာပါလိမ့်....ဪ Cloud! "

" အေးဟုတ်တယ် အဲ့တုန်းက အဲ့အကိုလည်းရှိတယ်လေ။အဲ့ဆိုင်ကအမနဲ့တောင် ပလူးပလဲနဲ့"

"အေးအေး ငါမှတ်မိပီ။ဒါဆို အဲ့အမနဲ့တွဲနေတာထင်တယ်။သီတာမ နင့်ဟာကချိန်ပါမဟုတ်တော့ဘူး မချိန်ခင်ကတည်းက ပါနေပီ"

"ဘာအကြောင်းတွေပြောနေကြတာလဲ ကော်ဖီတစ်ခွက်"
စောစောက မယ်နှင်းဆိုတဲ့တစ်ယောက်က သူတို့မိန်းကလေးအုပ်စုဝိုင်းထဲသို့၀င်ထိုင်လာသည်။

"ဘယ်သူ့အကြောင်းရမှာလဲ ဟိုရှေ့ဝိုင်းက အဆင်လေးလေ"

သူတို့ပြောတဲ့ဝိုင်းကို နှင်းပွင့် ကြည့်လိုက်တော့...
"ဪ....ကိုကင်း ကိုပြောတာလား"

"နင်ကသိတာလား"

"အမလေး သိပါ့တော်....ငါ first year တုန်းက ငါ့အဆောင်က အခန်းဖော်က Third yearကအမတစ်ယောက်။ အဲ့အမက ကိုကင်းတို့နှစ်ရဲ့ Queen လေ....Queen ဆိုသလောက် တရုတ်မလေးဟယ်...ဖြူဖွေးပီး ချောလိုက်တာမှ။အဲ့အမက ကိုကင်းကို first year ကတည်းက Crush လာတာ"

ကြောင်နဲ့ကြွက်(Ongoing)Where stories live. Discover now