မင်းဘုန်းမင်္ဂလာကိစ္စလိုက်ကူညီနေတာနဲ့ ဆိုင်ကိုပစ်ထားသလိုဖြစ်တဲ့ ယုယက မနက်အစောကြီးနိုးလာတာမို့ တယောက်ထဲဆိုင်သန့်ရှင်းရေးထလုပ်လိုက်သည်။ခဏကြာတော့ နယ်ကလာတဲ့ဆိုင်၀န်ထမ်းကောင်မလေးနှစ်ယောက်လည်း အိပ်ယာထလာတော့ ယုယနဲ့အတူ ဆိုင်သန့်ရှင်းရေး၀င်ကူလုပ်ကြသည်။ပီးနောက် မှာရမဲ့ပစ္စည်းစာရင်းတွေ သေချာစစ်ပီးစာရွက်တခုထဲ၌ချရေးလိုက်သည်။အားလုံးပီးစီးသွားတော့ ယုယကရေအရင်သွားချိုးလိုက်သည်။ယုယရေချိုးပီးထွက်လာတော့ ၀န်ထမ်းကောင်မလေးနှစ်ယောက်ကရေသွားချိုးသည်မို့ ယုယကအ၀တ်အစားလှဲ အလှပြင်ပီး ဆိုင်ဖွင့်ခြင်း စတင်တော့သည်။
ကောင်မလေးနှစ်ယောက်လည်း ရေချိုးပြင်ဆင်ပီးနောက် မနက်စာထွက်၀ယ်ကြသည်။ယုယကတော့ ပွဲတက်စရာရှိရင် အ၀ယ်များကြတဲ့ ဖန်စီ လက်သည်းအတုလေးတွေထပ်မှာရန် ဒီဇိုင်းရွေးနေတုန်း မနက်စာသွား၀ယ်ပီးပြန်လာတဲ့ ကောင်မလေးနှစ်ယောက်လုံးက ဆိုင်တံခါးနားမှာ ရစ်သီရစ်သီလုပ်နေကြမို့
"ဟယ်... ဘာလုပ်နေကြတာလဲ မ၀င်ကြဘူးလား"၀န်ထမ်းကောင်မလေးနှစ်ယောက်ထဲမှ ဖူးပွင့်က ယုယနားသို့ပြေးလာပီး တိုးတိုးလေးလာမေးသည်။
"အပြင်မှာ ရပ်နေတာ မမရည်းစားလား""ဟမ်! ဘယ်ကရည်းစားလဲ ငါSingleလေ"
"အာ့ဆို ဒီဆိုင်ခန်းတွေထဲ သက်ကြီးရွယ်အို ဘယ်သူများရှိလဲမသိဘူး"
"ဘာလို့လဲ"
"အဲ့အကိုကသီတင်းကျွတ်မှာ လူကြီးကိုကန်တော့တဲ့ခြင်းကြီးကိုင်ပီး ရပ်စောင့်နေတာ ချောတော့ချောတယ်မမ"
ကလေးမလေးအပြောကြောင့် စိတ်၀င်တစားဖြင့် ဆိုင်အပြင်ဘက်ထွက်ကြည့်လိုက်တော့ သူ့ကိုပြုံးပြလာသည်။
"ယုယ"
"ဟိုလေ... ယုယဆီလာတာ။ အကိုညီကလိပ်စာတော့ပြောလိုက်တယ် ဒီနားရောက်မှ လည်နေတာ"
"ဪ ဟုတ်တယ် ဒီနားကမြို့ထဲဆိုပေမဲ့ လမ်းသွယ်လေးတွေလည်းများတယ်လေ။ဒါနဲ့ ယုယဆီလာတာ ဘာကိစ္စရှိလို့လဲ ကိုစွမ်းရည်ထွန်း"
"ကိုယ်ရှင်းရှင်းပြောရရင် ယုယကိုလာတောင်းပန်တာပါ။ဟိုနေ့က ကိုယ်မဆင်မခြင်ပြောလိုက်တဲ့စကားက ယုယကိုစော်ကားသလိုဖြစ်သွားတယ် ကိုယ်တောင်းပန်ပါတယ်"