အခန်း ၈၈

1.4K 197 2
                                    

အပိုင်း ၈၈

ထို့နောက် ကုဝူကျိတို့က အခြားသောအခန်းများသို့လိုက်ကာ စစ်ဆေးကြည့်ကြပြီး လမ်းတွင် အန္တရာယ်ရောက်နေသည့်ကစားသမားအချို့ကို ကယ်လိုက်သည်။

သို့ရာတွင် လိုက်လံရှာဖွေပြီးသည့်တိုင်အောင် အသုံးဝင်သောအရာများကို ရှာမတွေ့ကြချေ။ ထို့နောက် ကုဝူကျိက သရဲအပုံလိုက်ကို သန့်စင်ခဲ့သေးသည်။ ထို့ကြောင့် အခြားသောကစားသမားများက ရဲတိုက်က ထင်သလောက် မအေးစက်တော့ကြောင်း ခံစားလိုက်ရသည်။ သူတို့က ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ ထင်နေ၏။

ကုဝူကျိ၏ထိုအပြုအမူကမူ ရှောင်းလု၏အမြင်တွင် မင်သက်ဖွယ်ကောင်းနေသည်။ မည်သို့ပင်ဆိုစေ မည်သည့်ကစားသမားကမှ သန့်စင်ခြင်းနည်းလမ်းများကို ဝယ်ယူလေ့မရှိကြချေ။ အကြောင်းမူကား အသုံးမဝင်ဟုထင်ထားသောကြောင့်ဖြစ်သည်။ ထို့အပြင် သန့်စင်သောနည်းလမ်းကို အသုံးပြုသည့်အခါလည်း ပေါ်လာသည့်ပုံစံမျိုးကိုလည်း မည်သူကမျှ မမြင်ဖူးကြချေ။ ကြည့်ရသည်မှာ စက္ကန့်ပိုင်းအတွင်း သရဲများကို သတ်နိုင်သည့်စွမ်းရည်အကြောင်း သူတို့က မသိထားလောက်ချေ။

ထို့ကြောင့် ရှောင်းလုက ကုဝူကျိ၏ပေါင်လုံးကိုဖက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ကြည့်ရတာ ငါတို့စာကြည့်တိုက်ကိုပဲ သွားရတော့မယ်ထင်တယ်"

ကုဝူကျိတို့က အကွယ်ဝင်ပေါက်တစ်ခုမှတစ်ဆင့် လှေကားထံဦးတည်လိုက်ပြီး ဒုတိယထပ်သို့ သွားသည်။

ထိုနေရာ လူအလွန်ရှင်းသည်။ ပတ်ဝန်းကျင်တွင်ရှိသော ယင်စွမ်းအင်ချီများကလည်း အလွန်သိပ်သည်းနေသည်။ ထို့ကြောင့် သည်အတိုင်းရပ်နေရုံဖြင့် မသက်မသာခံစားရစေသည်။ လှေကား၏ဝင်ပေါက်နေရာကပင် အကွယ်နေရာတွင်ရှိနေသည်။ စက်များကိုဖိလိုက်မှသာ လှေကားဝင်ပေါက်က ပေါ်လာခြင်းဖြစ်သည်။

သရဲတစ်ကောင်က ကြိုတင်ရှာဖွေထားသောကြောင့်နှင့် သူတို့ရထားသော မြေပုံကြောင့်သာမဟုတ်လျှင် သာမန်လေ့လာရှာဖွေသူများက ထိုလှေကား ရှာမတွေ့လောက်ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now