အပိုင်း (၁၂၆)
သူက ဦးတည်ရာသို့ ရောက်သွားသောအခါ သူ့ကို ဝိုင်းနေသော လူအုပ်ကြောင့် အံ့ဩသွားရသည်။
"ဒီနေ့ လူတွေ ဒီလောက်များတာလား"
သူ သိထားသော အခြေအနေ အရဆိုလျှင် ဆုပေးပွဲ အခမ်းအနားကလည်း သိပ်နာမည် ကျော်ကြားခြင်း မရှိချေ။ လူအများ ရောက်လာခြင်းက အံ့အားသင့်စရာ ကောင်းလှသည်။
သူ၏ အနားရှိ အနည်းငယ် ရှက်ရွံ့ပုံ ပေါ်သည့် ချောမောသော ကောင်ငယ်လေးက ပြောလာသည်။
"ဒီနေ့ပွဲကို ချန်းလျန်မောင်ကိုလည်း ဖိတ်ထားတယ်။ သူက အခုတစ်လော တအား ကျော်ကြားနေတာ မဟုတ်လား။ သူ့ကို အခုတလော အကျော်ကြားဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ရဲ့ ရုပ်ရှင်က ပြည်ပမှာ ဆုတွေလည်း ရထားဖူးတယ်။ တကယ်လို့ ပရိသတ်ကို အရေအတွက် ကန့်သတ်ထားတာ မဟုတ်ရင် သူ့ရဲ့ ပရိသတ်တွေက ဒီနေရာတစ်ခုလုံး အပြည့်လျှံနေမှာ"
ထိုလူငယ်၏ နာမည်က ရှောင်ကျုံး ဖြစ်ပြီး ချန်းကျားက ကုဝူကျိအတွက် ငှားပေးထားသော အသက်လက်ထောက် ဖြစ်သည်။ သို့သော် သူက အစစ်အမှန် လက်ထောက်၏ အလုပ်များကို လုပ်သည်။ သူက လွန်ခဲ့သော ရက်အနည်းငယ် အတွင်းမှသာ ရုံးတက်လာခြင်း ဖြစ်သည်။
ချန်ကျား၏ မျက်နှာက ချက်ချင်းလိုလို ပျက်ယွင်းသွားသည်။ သူက မပျော်မရွှင် ဖြစ်နေ၏။
"ဒီလူတွေက ဘာအရေးကြီးလို့လဲ။ သူတို့က ဘယ်လိုပုံစံမျိုး ဖြစ်နေ ဖြစ်နေ ဆရာသခင်ကုကမှ ဒီလို ဆက်ဆံခံရသင့်တာ"
ချန်ကျားက ရှောင်ကျုံးကို အေးစက်စွာ စိုက်ကြည့်သည်။
"အပြင်လူတွေ အကြောင်း မေးလိုက်။ ဆရာသခင်ကုက ဒီလို ကြုံရာလူတွေထက် အင်အားကြီးတယ် ဆိုတာကို မင်းသိရမယ်"
"ဒါပေါ့ ကျွန်တော်သိပါတယ်"
ရှောင်ကျုံးက ခပ်မြန်မြန် ဖြေသည်။ သူကလည်း ကျင့်သားရနေလေပြီ။ လူကြီးမင်းရှောင်ချန်းက ကုဝူကျိ အပေါ် မြင်တိုင်းလိုလို ကပ်ပါနေတတ်သည့် filters များက ဖုံးရန်ပင် ခက်သည်။ သူက အင်တာနက်ပေါ်မှာ ကုဝူကျိ၏ နံပါတ်တစ် ပရိသတ်ဟု ပြော၍ ရသည်။ ပြောရလျှင် ကုဝူကျိက ဘာမှ မလုပ်ဘဲ အားနေသော အချိန်မျိုးတွင် ချန်းကျားက သူ၏အိမ်တွင် အွန်လိုင်းပေါ်တက်ပြီး ကုဝူကျိနှင့် ပက်သက်ပြီး troll လေ့ရှိသည်။ ထိုအရာသာ မကသေးပေပဲ သူ၏ သက်တော်စောင့်များနှင့် အခြားသော လက်အောက်ငယ်သားများ အားလုံးကိုလည်း ကုဝူကျိအား မကြာခဏ ဆိုသလို ချီးကျူးကာ အမွှန်းတင်ခိုင်းလေသည်။ ကံကောင်းသည်မှာ ချန်းကျားက အသိဉာဏ် ရှိသေးသည်။ ထို့ကြောင့် သူက ပေါ်တင် ကျယ်ကျယ်လောင်လောင် ချဲ့ကား ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။ သို့မဟုတ်လျှင် ပြဿနာများကို ဆွဲဆောင်မိလိုက်သည်။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်