Part 123

583 82 1
                                    


အပိုင်း(၁၂၃)

ဒါရိုက်တာ ဖီရိုနာကလည်း လူသားတစ်ယောက်က သရဲများနှင့် ထိုမျှထိ ရင်းနှီးမည်ဟု မယုံကြည်နိုင်ချေ။

မဟုတ်ဘူး။ ဒီလူက တကယ်ပဲ လူသားလား။

ဒါရိုက်တာ ဖီရိုနာက ကူဝူကျိကိုပင် စတင်ကြောက်လန့်လာသည်။

ဖယ်ကွန်ကမူ ကွာခြားသည်။ သူက ထိုမြင်ကွင်းကို တွေ့သောအခါ ထိုသရဲများက လူသားများကို ဒုက္ခမပေးနိုင်ဆိုသော အတွေးတစ်မျိုးကိုပင် တွေးလိုက်မိလေသည်။ ကုဝူကျိက သရဲများထံမှ ဒုက္ခပေးခြင်း မခံရအောင် တစ်စုံတစ်ရာဖြင့် တားမြစ် ကာကွယ်ထားရိုး မှန်ကန်လျှင် သူတို့ကိုလည်း သရဲများက ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဖယ်ကွန်က ဂရုတစိုက် ထပ်တွေးပြန်သည်။ သူဟာ ကုဝူကျိကို ဘယ်သောအခါကမှ မခြိမ်းခြောက်ဖူးကြောင်း သတိရလိုက်သည်။ အခြားသော ပုံတူလောကများတွင် မုန်းတီးမှုမရှိသည့် ဒုက္ခပေးနိုင်စွမ်းအား ရှိသော သရဲများကိုလည်း မြင်ဖူးလေသည်။ ထိုကြောင့် ချက်ချင်းဆိုသလို ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ သူက စွင်းရှီကို ကျော်လွန်နိုင်မည့် အခွင့်အရေးကိုလည်း လက်လွှတ်မခံနိုင်ချေ။

သရဲများကလည်း ချဉ်းကပ်လာကြသည်။ သို့သော် ဖယ်ကွန်ကမူ ကွာခြားသည်။ ကုဝူကျီက တည်ငြိမ်လွန်းနေရာ သူက ကစားများ၏ အရှေ့တွင် စိတ်လှုပ်ရှားနေဟန်ကို ပြသ၍ မဖြစ်နိုင်ချေ။

ထိုမြင်ကွင်းကို ပတ်ဝန်းကျင်တွင် ရှိနေသော ကစားသမားများက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြလေသည်။

"ဖယ်ကွန်ကလည်း သရဲတွေရဲ့ ဒုက္ခပေးတာကို မခံရအောင် ရှောင်ရှားနိုင်တဲ့ နည်းလမ်းရှိနေတာလား"

"ငါ ခေါင်းဆောင်လို့ ခေါ်သင့်ပြီလား"

လုရန်ကျိုးနှင့် ဖယ်ကွန်၏ လူငယ်လေးကသာ မကောင်းသော ခံစားချက်မျိုးကို ရနေကြသည်။ သူတို့က ထိုအခြေအနေမျိုးကို မကြားဖူးချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now