Part 130

607 85 0
                                    


အပိုင်း (၁၃၀)

ထိုစီးပွားရေးသမားက ပြောင်းလဲသွားသည့် ပုံစံက မြန်လွန်းသဖြင့် မည်သူကမှပင် လိုက်မမှီနိုင်ကြချေ။ သူတို့အားလုံးကလည်း ဒီဆုပေးပွဲ အခမ်းအနားပွဲက prank လုပ်ရန် စီစဉ်ထားသော အချို့သော ဖြစ်စဉ်မျိုး ဟုတ်မဟုတ် တွေးတောနေကြသေးသည်။

ရန်ငြိုးစွမ်းအားအပြည့်နှင့် ရှေ့သို့ခုန်ထွက်လာတော့မည့် သရဲမကမူ နေရာတွင် အံ့အားသင့်မှုအပြည့်ဖြင့် ရပ်နေမိလျက်သား ဖြစ်သွားသည်။ သူမကိုယ်ပေါ်မှ ယင်ချီများက အနည်းငယ်ပင် လျော့သွားသည်။

တင်ဆက်သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

"ဒါက စိတ်ဝင်စားစရာ ကောင်းတဲ့ဟာသပဲ"

တစ်ချိန်တည်းတွင်ပင် သူက အခြားသောသူများကို မျက်လုံးဖြင့် အချက်ပြလျက် စီးပွားရေးသမားကို ခေါ်သွားရန် ပြောလေသည်။

ဒီလို ဆုပေးပွဲမျိုးမှာ ဒီလို မတော်တဆမှုမျိုး ဖြစ်လို့ ဘယ်ရမလဲ။

သို့သော် စီးပွားရေးသမားကမူ မလှုပ်ရှားသေးဘဲ သူ၏ ယခင်အပြုမူတိုင်း ဆက်လက်ပြီး ပြသလျက် ပရိတ်သတ်ပေါင်း များစွာနှင့် တိုက်ရိုက် ထုတ်လွှင့်မှု၏ အရှေ့တွင် ဝန်ခံရန် ကြိုးစားသည်။ သူက ကုန်လွန်ခဲ့သော နှစ်များတွင် သူ၏ ပိုက်ဆံနှင့် အာဏာကို မှီခိုလျက် လုပ်ခဲ့သည့် မရေမတွက်နိုင်သည့် ပြစ်မှုပေါင်းများစွာကို ဝန်ခံလေသည်။

လူတိုင်းက တအံ့တဩ ဖြစ်နေကြသည်။ သူတို့က ဒါက ဟာသ မဟုတ်တော့ကြောင်း ခံစားနေရ၏။ ပြောသော စကားလုံးများက အစစ်အမှန် ဆန်လွန်းသည်။ သူက ဝန်ခံနေသည်နှင့်ပင် တူသေး၏။

သရဲမကလည်း ကလဲစားချေရန် ရပ်တန့်နေမိသည်။ စီးပွားရေးသမားက အလျင်လက်ဦးမှု ယူကာ သူ၏ အပြစ်များကို ဝန်ခံလာ၏။ ဒီအခြေအနေက နောက်ကွယ်မှ လူများကို အံကြိတ်စေပြီး သရဲမကို ခပ်မြန်မြန် လုပ်ရန် တိုက်တွန်းသည်။ သို့သော် အလဟာသ ဖြစ်ရသည်။

ကုဝူကျိက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ချန်းလျန်မောင်ကို သေချာပုန်းနေရန် စာထပ်ပို့လိုက်ရင်း ဆုပေးပွဲ အခမ်းအနား၏ အမှားယွင်းဆုံး ဖြစ်နေသည်ဟု ယူဆရသော နေရာပေါ်သို့ ပြေးတက်သွားသည်။ သူက စင်နောက်ဘက် နေရာသို့ ဦးတည်လိုက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now