အခန်း ၂၃.၂

2.4K 220 10
                                    

Unicode
အပိုင်း ၂၃.၁

ကုဝူကျိ အနည်းငယ်ကြောင်သွားသည်။ ဘာလို့ သူထွက်သွားပြီး ပြန်ရောက်လာတဲ့ အချိန်မှာ ကျန်းကောတို့က ပျောက်ဆုံးနေတဲ့ မိတ်ဆွေကောင်း တစ်ယောက် ပြန်တွေ့လိုက်သလို ခံစားနေရတဲ့ပုံစံမျိုး ဖြစ်သွားတာလဲ။

“မင်း နောက်ဆုံးတော့ ရောက်လာပြီ”

ဩစတင်က ကုဝူကျိကို ကြည့်ပြီးနောက် မတိုင်မီက အဖြစ်အပျက်ကို အနည်းငယ် ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်သည်။

“ငါ မင်းကို ငါ့အနားကနေ ထွက်သွားခွင့်မပြုတော့ဘူး၊ ဒီကောင်တွေက တကယ်ကို အားထားလို့မရဘူး၊ ငါ့နောက်ကို လိုက်ခိုင်းတာက အသုံးမကျတာပဲ”

ဩစတင်က ကျန်းကောတို့အားလုံးကို ကြည့်ပြီးနောက် သူတို့၏ စိတ်ရှုပ်ထွေးနေသောအမူအရာကို မြင်သောအခါ ပြောလိုက်သည်။

“ငါ ဒီသင်္ဘောပေါ်က ထွက်သွားပြီးတာနဲ့ မင်းတို့အားလုံးကို အလုပ်ဖြူတ်ပစ်မယ်”

ကျန်းကောနှင့်အခြားသူများက သာမန်ကစားသမားများသာဖြစ်ကြသည်။ သို့သော် သက်တော်စောင့်တာဝန်ကို မလုပ်နိုင်လျှင်လည်း မည်သို့မျှမခံစားရပေ။ သို့သော် ကုဝူကျိကမူ မတူပေ။

ကျန်းကောတို့က ပို၍ပင် ပျော်သွားသေးပုံရ၏။ သူတို့၏ လုပ်ဆောင်မှုများက ထူးချွန်ပြောင်မြောက်လွန်းသည်။ ထို့ကြောင့် ဩစတင်သခင်လေး၏ ရှောင်ရှား၍မရနိုင်သော ဆွဲခေါ်သွားခြင်းကို ခံရနိုင်သေး၏။ သူတို့သာ ဩစတင်နောက်ကို မလိုက်တော့ရင် ပြဿနာတက်တော့မှာမဟုတ်ဘူး။

“သေချာတာပေါ့၊ ဒါက ပြဿနာမရှိပါဘူး၊ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး ကာကွယ်ပေးမှာပါ”

ကုဝူကျိက ခေါင်းငြိမ့်ကာပြောလိုက်သည်။ သက်တော်စောင့်တစ်ယောက်က စနစ်မှ ပေးထားသောတာဝန်တစ်ခုမျှသာ ဖြစ်နေသည့်တိုင်အောင် ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ တာဝန်ယူမှုက ရှိနေသေးသည်။

ကပွဲ၏မြင်ကွင်းထံသို့ ပြန်ကြည့်လိုက်ပြီးနောက်တွင် ဩစတင်က မကျေနပ်သောအမူအရာမျိုးဖြင့် နှာခေါင်းရှုံ့ကာ ပြောလာ၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Dove le storie prendono vita. Scoprilo ora