Part 117

954 102 0
                                    


အပိုင်း (၁၁၇)

ကုဝူကျိ၏ အသိစိတ်က တဖြည်းဖြည်း နစ်သထက်နစ်လာချိန်တွင် ပင်လယ်ပြာ အနက်ရှိုင်းဆုံးအပိုင်းမှ ဖြူဖျော့သော အရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။

"မင်း..."

သူက ပါးစပ်ကို ဖွင့်လိုက်သည့် အချိန်တွင် ရေများက ပါးစပ်ထဲသို့ တိုးဝင်လာပြီး ကုဝူကျိအား ထိန်းချုပ်ရန် ခက်ခဲလောက်အောင် ရုန်းကန်မိစေသည်။ သူ၏ကိုယ်ကမူ ထိန်းချုပ်မှု လွှတ်ကင်းနေ၏။ ထိုပုံရိပ်က သူနှင့် နီးသထက် နီးလာသည်။ ထို့နောက် အောက်ဆီဂျင် ပြတ်လတ်နေသော ကုဝူကျိ၏ အမြင်စွမ်းအားက ဝေဝါးနေသည်။ မျက်လုံးကို ခပ်ကျယ်ကျယ် ပြူးထားသည့်တိုင်အောင် အရှေ့မှ ပေါ်လာသော ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးချေ။

သူ၏အသိစိတ်က အပြည့်အဝ ပျောက်ကွယ်သွားတော့မည့် အချိန်တွင် အရှေ့တွင် ရုတ်တရက် ပေါ်လာသော ရွှေရောင်မျက်ဝန်းတစ်စုံကို မြင်လိုက်ရလေသည်။

....

ကုဝူကျိက စိတ်ထဲမှ နာကျင်မှုကို တစိမ့်စိမ့် ခံစားနေရချိန်တွင် ရုတ်တရက် ထိုထူးဆန်းသော အခြေအနေမှ ဆွဲထုတ်ခံလိုက်ရပြီး အသိစိတ် ပြန်ရသွားသည်။ သူက ကိုယ်ကို ထောက်ထိုင်လိုက်ပြီးနောက် ဘေးဖက်သို့ ရေအများကြီး ပန်းထုတ်မိသည်အထိ ချောင်းဆိုးလိုက်သည်။ ထို့နောက် အမောတကော အသက်ရှုနေ၏။ လတ်ဆတ်သောလေကို အငမ်းမရ ရှုနေရသလိုမျိုး ရှုရှိုက်နေရင်း အသက်ပြန်ရှင်လာသည် ဆိုသော ခံစားချက်မျိုးကို ရလိုက်သည်။

ထိုအချိန်တွင် ကုဝူကျိက တစ်ကိုယ်လုံး ရေများ စိုရွဲနေကြောင်း သိလိုက်သည်။ သူက ယခုလေးတင် ရေထဲမှ ထွက်လာသလို ဖြစ်နေ၏။ ပါးစပ်ထဲမှ ထိုရေများကလည်း အလွန်ငန်နေသည်။ ပင်လယ်ရေများ ဖြစ်နေလောက်သည်။ သူ အိပ်နေချိန် တစ်စုံတစ်ယောက်က ပင်လယ်ရေ လာလောင်းသွားတာ မဖြစ်နိုင်ချေ။ သည် သုတေသန အသက်မွေးဝမ်းကျောင်း ဌာနက ပင်လယ်နားတွင် ကွက်တိ ရှိနေသော်လည်း ပင်လယ်ရေကို အလွယ်တကူ မထိနိုင်သေးချေ။

ဘာဖြစ်တာလဲ။ ငါ အခု လေးတင် အိပ်မက်မက်လိုက်တာပဲ။ ဒါပေမဲ့ ငါ့ ခန္ဓာကိုယ်က အခုလေးတင် ရေထဲကို ရောက်သွားသလိုပဲ။ ကုဝူကျိက ထထိုင်လိုက်ပြီး အိပ်ရာဘေးဘီကို ကြည့်သည်။ သူ့ခန္ဓာကိုယ်တွင်သာ ရေရှိနေပြီး အိပ်ရာကမူ အလွန်အမင်း ခြောက်သွေ့နေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now