Part 128

467 66 0
                                    


အပိုင်း (၁၂၈)

ကုဝူကျိ၊ လက်ထောက်နှင့် ဝန်ထမ်းတို့ သရဲမနှင့် ဆုံခဲ့သော အချိန်ကို နောက်ပြန် ကြည့်ရသော်...

လူနှစ်ယောက်၏ မှင်တက် ကြောင်အနေသော မျက်ဝန်းများ၏ အောက်တွင် ကုဝူကျိဟာ တစ်ဖက်သူ အနားသို့ ခပ်မြန်မြန် ချဉ်းကပ်သွားသည်။

ကုဝူကျိက ဒေါင့်ချိုးနေရာသို့ ကွေ့လိုက်သောအခါ အရှေ့ရှိ သရဲကလည်း တစ်ခဏခန့် ကြောင်သွားလေသည်။ သူမကလည်း တစ်စုံတစ်ယောက်က ထိုမျှ အလျှင်လိုသော ပုံစံမျိုးဖြင့် အပြေးလာမည် မမျှော်လင့်ထားပုံ ပေါ်သည်။

သေဖို့ကို အလျင်လိုနေတာလား။

ကုဝူကျိ အရှေ့တွင် ပေါ်လာသော သရဲမက သူကို မျက်နှာမူလျက် ဖြစ်နေသည်။ သို့သော် သူမ၏ ခေါင်းကမူ ကို့ရိုကားယားနိုင်သော ပုံစံမျိုးနှင့် 180 ဒီဂရီ တည့်တည့် လည်ထွက်နေသည်။ ထို့ကြောင့် ကုဝူကျိက သူမ၏ ခေါင်း အနောက်ဘက်ပိုင်းကိုသာ ကြည့်နေရလေသည်။

အခြားတစ်ယောက်သာ ဆိုလျှင် ထိုတစ်ခဏတွင် မျက်လုံးလန်ပြီး မေ့သွားလောက်သည်။ သို့သော် ကုဝူကျိကမူ ရိုးသားစွာ မေးသည်။

"ဟယ်လို မင်း ငါတို့ကို တမင်တကာ ဆွဲထည့်တယ်လို့တော့ ငါ မထင်ဘူး။ မင်း ဘာလိုလို့လဲ"

"မင်း ဒီနေရာအတွက် အကူအညီ လိုအပ်လို့လား"

အနောက်မှ ဝန်ထမ်းနှင့် ရှောင်ကျုံးတို့က ဖိအားများသောကြောင့် တစ်ချိန်တည်းတွင်ပင် ကုဝူကျိဟာ လူကောင်း ဖြစ်ပြီး သရဲများအပေါ်တွင်ပင် ထိုမျှ ကြင်နာတတ်လွန်းသည်ဟု ခံစားလိုက်ရသည်။ နှမြောစရာ ကောင်းသည်မှာ သူ၏ ဦးနှောက်ဆားကစ်များက သာမာန်လူနှင့် ကွာခြားနေပုံ ပေါ်သည်။

သရဲမကလည်း အချိန် အတန်ကြာသည်ထိ စကား မပြောခဲ့ချေ။ ကုဝူကျိက တစ်ဖက်သူ၏ ပုခုံးပေါ် လက် အသာတင်လိုက်သည်။ ထိုတစ်ခဏတွင် သူ၏ စိတ်တွင် ပုံရိပ်ပေါင်းများစွာက ပေါ်လာသည်။

ထိုသရဲမက ဒီအတိုင်း သာမာန် တတိယအဆင့် စတားတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် သူမဟာ သူမ၏ အေးဂျင့်၏ ကြိုးကိုင်မှု အောက်တွင် ကြွယ်ဝသော စီးပွားရေးသမား တစ်ယောက်နှင့်အတူ အမည်မဖော်လိုသော စည်းမျဉ်းတစ်ခုကို ကြုံခဲ့ရသည်။ သူမက ခုခံချင်ခဲ့၏။ သို့သော် အေးစက်သော သိုလှောင်ခန်းအတွင်း ပိတ်ထားခံခဲ့ရသည်။ တစ်ဖက်သူ၏ ကောလကာလများ တမင်တကာ ဖြန့်မှုကြောင့် အမျိုးမျိုးသော မှောင်မဲသည့် သမိုင်းပေါင်းများစွာကို ကြုံရလေသည်။ အဆုံးကျတွင် ထိုသရဲမက တစ်ခုသော အခမ်းအနားပွဲရှေ့တွင် ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။ မမျှော်လင့်ထားစွာ သတင်းက ဖိနှိပ်ခံလိုက်ရပြီး လူအနည်းစုသာ ထိုကိစ္စကို သိကြသည်။ သို့သော် ထိုကိစ္စပြီး နောက်ပိုင်း သူမက ရန်ငြိုးပေါင်းများစွာကို ပိုင်ဆိုင်ထားသဖြင့် ဆိုးယုတ်သော ရန်ငြိုးကြီး တစ္ဆေတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ဒီနေရာနှင့် ချည်နှောင်မိထားလျက်သား ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်သူကို လက်စားချေရန် မတတ်နိုင်ခဲ့ချေ။ သို့သော် လွန်ခဲ့သော အချိန်တစ်ချို့ အကြာက ရုတ်တရက် သူမအပေါ် ရောက်နေသည့် ချုပ်ထိန်းမှုများက လျော့ပါးလာပြီး အစစ်အမှန်လောကတွင် သူမ ထုတ်သုံးနိုင်သည့် စွမ်းအားက များပြားလာကြောင်း ခံစားလိုက်ရသည်။ ထိုကြွယ်ဝသော စီးပွားရေးသမားကလည်း အတိတ်တွင် ကာလပေါင်းများစွာ ကုန်လွန်ခဲ့ပြီးသောကြောင့် ကိစ္စများကို မေ့လျော့သွားပြီဟု ထင်ထားခဲ့ပုံ ရသည်။ တစ်နည်းအားဖြင့် ဘာမှ မဖြစ်ခဲ့သလိုမျိုး ဒီအခမ်းအနားပွဲသို့ တက်ရောက်လာခဲ့သည်။ သို့သော် သရဲမကမူ ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။ ဒီရူထောင့်မှသာ ကြည့်မည်ဆိုလျှင် သူတို့က အပြစ်ကင်းစင်သူများသာ ဖြစ်သည်။ သူတို့က ကံဆိုးလွန်းပြီး ပါဝင်ပတ်သက်မိသွားခြင်း ဖြစ်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now