အခန်း ၃၃

2.2K 296 31
                                    


33 01

အခန်း(၃၃.၁)

ဘာကြောင့်မှန်းမသိ အခြားလူများကလည်း ဖန်းဟွေးဟွေး၏ အမူအရာမှတဆင့် သူမရဲ့အတွေးကို သိသွားကြပြီး အားလုံးက မသက်မသာဖြစ်သွားကြတော့သည်။ ထိုသရဲမတွင်လည်း ဖန်းဟွေးဟွေး၏ မှတ်ဉာဏ်က အစိတ်အပိုင်း ကြီးမားစွာ ပါဝင်နေခဲ့လောက်သည်။ မည်သို့ပင်ဆိုစေ ချန်းကျားက သူမထင်သည့်အတိုင်း ဖြစ်နေလေသည်။

သရဲမကလည်း ထိုသူများကို အယုံသွင်းရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်နှင့် ဆက်ပြီး ဟန်ဆောင်မနေတော့ချေ။ သူမ၏ အသားအရည်က မည်းမှောင်လာကာ သူမ၏ ပုံရိပ်က ကြီးသထက်ကြီးကာ ရှည်သထက် ရှည်လာပြီး ဆံပင်များကလည်း ဆက်တိုက် ရှည်ကျကာ ကြမ်းပြင်ပေါ်သို့ ရောက်ပြီး မကောင်းဆိုးဝါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

"မကောင်းတော့ဘူး ဆရာသခင်ကု မြန်မြန်ပြေးသင့်ပြီ"

ချန်းကျားက ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။ အထူးသဖြင့် ထိုသရဲမက သူနှင့်အနီးကပ်ဆုံး ရှိနေချိန်ကို ပြန်တွေးမိလိုက်ချိန်တွင် အလွန်ချောက်ချားသွားလေသည်။

အခြားတစ်ဖက်တွင်လည်း အိမ်တော်ထိန်းက တံခါးနားသို့ ရောက်နေပြီဖြစ်သည်။ သူက တံခါးလက်ကိုင်ရိုးကို ဖွင့်လိုက်ပြီးနောက်တွင် အမူအရာက ပြောင်းလဲသွားသည်။

"တံခါးက ပွင့်မလာဘူး"

"ဘာ ဘယ်လိုဖြစ်နိုင်မှာလဲ"

ချန်းကျားကလည်း ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ပြီး ကြောက်လန့်တကြား ဖြစ်သွားသည်။

"ကြည့်ရတာ ဒီဘက်က အမျိုးသမီသရဲနဲ့ စကားကောင်းကောင်း ပြောရတော့မယ်ထင်တယ်"

ကုဝူကျိက တွေးတောသုံးသပ်ဟန်ဖြင့် သရဲမကိုကြည့်လိုက်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ချန်းကျားကလည်း ဆရာသခင်ကု၏ စကားများက ပုံမှန်တွေးနေကျအတိုင်း မဟုတ်မှန်း သိသော်လည်း ယခုလို ပြောလာခြင်းတွင်မူ ...

"ငါတို့အနေနဲ့ ဒီအကြောင်းကို ပြောနိုင်မယ်လို့ထင်တယ်"

ကုဝူကျိက ယင်ကိုစမ်းသပ်သည့် အနေအထားမျိုးဖြင့် နှုတ်ဆက်လိုက်သည်။ သို့သော် ဆံပင်ရှည်နှင့် သရဲမက ချက်ချင်းဆိုသလို ဆံပင်များကို ဆန့်ထုတ်လာသည်။ ကုဝူကျိကသာ အချိန်မှီမရှောင်လျှင် ဆံပင်များက သူ့အားရစ်ပတ်သွားလောက်လေပြီ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now