Part 136

556 69 0
                                    


အပိုင်း (၁၃၆)

မသိလိုက် မသိဘာသာပင် ကောင်းကင်က မဲမှောင်သွားပြီ ဖြစ်သည်။ လူတိုင်းကလည်း အလင်းရရန်အတွက် လက်ထဲတွင် ဆီမီးအိမ်ကို ကိုင်ထားကြသည်။

သို့သော် ထိုဆီမီးအိမ်က အလွန် ရိုးရှင်းသော ပုံစံမျိုးနှင့် ဖြစ်သည်။ အလင်းရောင် ရရန်အတွက် ဖယောင်းတိုင်များကိုသာ မှီခိုထား၏။ ထို့ကြောင့် အလင်းက မှိန်သည်။ ကိုင်ထားသော သူနှင့် မီတာဝက် ဝန်းကျင်ခန့်ကိုသာ မြင်ရ၏။ လေက အနည်းငယ် ပြင်းလျှင် ဖယောင်းတိုင် ငြိမ်းသွားနိုင်သော အခြေအနေ ရှိနိုင်သေးသည်။

လူတိုင်းကလည်း ဆီမီးအိမ် အရေးပါမှုကို သိကြသည်။ မည်သို့ပင်ဆိုစေ ဒီကော်ပီတွင် ဒီဆီမီးအိမ်က မှီခိုအားကိုးထိုက်သည့် အကူပစ္စည်း ဖြစ်သည်။ သရဲများကို ဝေးဝေးနေအောင် ထိန်းထားပေးနိုင်ရုံသာ မကသေးချေ။ ပို၍ အရေးကြီးသည်မှာ ထိုဆီမီးအိမ်က ဒီအဆောက်အဦးထဲရှိ နတ်ဘုရား တံဆိပ်ပြားများ ရှိသောနေရာကို ရောင်ပြန်ဟပ်ပေးနိုင်သည်။

သူတို့ကလည်း ဒီကော်ပီမှ နတ်ဘုရားများ၏ အာရုံစိုက်မှုကို လက်ခံရရှိရန် မည်သို့ လုပ်သင့်ကြောင်း မသိသော်လည်း ထိုနတ်ဘုရားများက အဖိုးတန်ဆုံးသော စွမ်းအင်များကို ဆုလာဒ်အဖြစ် ပေးနိုင်ကြောင်း သိထားကတည်းက လူတိုင်းကလည်း မျှော်လင့်စောင့်စား နေကြသည်။

ထိုအခြေအနေကအရ တံဆိပ်အများဆုံး ရထားသော သူက အယုံကြည်ဆုံးသော သက်ဝင်သူအဖြစ် သက်မှတ်ခံရနိုင်သည်။ ထိုအခြေအနေကြောင့် ကစားသမားပေါင်းများစွာက လှုပ်ရှားရန် အသင့်ပြင်ထားကြ၏။ သူတို့က ဒီနေရာသို့ အင်အားရရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့ကလည်း ဒီအခန်းထဲတွင် ရှိသော ယင်စွမ်းအင်များက အလွန်များပြားလာကြောင်း ခံစားမိသည့်အခိုက် အရာအားလုံးက စတင်မည်ဖြစ်ကြောင်း သိလိုက်ကြသည်။

ခန်းမ၏ ပြင်ဆင်ပုံက မျက်တောင်တစ်ခတ် အချိန်အတွင်း ပြောင်းလဲသွားသည်။ လူတိုင်းကို ကြည့်မိသော နေရာတိုင်း၏ ထူးဆန်းမှုကို ခံစားရစေ၏။ သူတို့က လွန်ခဲ့သော နှစ်တစ်ရာခန့်မှ အဆောက်အဦးထဲကို နေရာရွှေ့ပြောင်း လိုက်သလို ခံစားလိုက်ရသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now