Part 124

515 77 2
                                    


အပိုင်း (၁၂၄) နံပါတ်ကိုး ပုံတူလောက အဆုံးသတ်

ကုဝူကျိ၏ နှလုံးသားအတွင်းမှာ လှပသော တစ်စုံတစ်ရာက ရုတ်ချည်း ကွဲခြေသွားပုံ ပေါ်သည်။

ယခုလို အခြေအနေမျိုးကို သူ့ကို ပြောလာရန် အလိုငှာ...

သဘာဝလွန် ပုံတူလောက လောကထဲရှိ အရာအားလုံးဟာ အမှန်တရား ဖြစ်ပြီး လှပသော ရေသူထီးက အိမ်ယာဝင် ပုံပြင်ထဲတွင်သာ မရှိကြောင်း သိရန် ခက်ခဲသည်။

"ဒါပေမယ့် ရေသူထီးတွေနဲ့ လူသားတွေက မျိုးပွားလို့ မရတဲ့ ခြားနားချက် ရှိတယ် မဟုတ်ဘူးလား"

ကုဝူကျိက ထိုသို့ ပြန်မေးလိုက်သေးသည်။ သူကလည်း ထိုသို့ မဖြစ်နိုင်လောက်သော ချစ်ခြင်းတရားတို့က သူထံတွင် ဖြစ်လာမည် မဟုတ်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။

ဒါရိုက်တာ ဖီရိုနာ သရဲက ကုဝူကျိကို စာနာသနားမှု အချို့ဖြင့် ကြည့်လိုက်သည်။

"ငါ သုတေသနခဲ့သမျှနဲ့ ရလာခဲ့တဲ့ ရလဒ်တွေအရ ရေသူထီးတွေက သူတို့နဲ့ အသင့်တော်ဆုံး ဝိညာဉ်လက်တွဲဖော်တွေကို အမြဲတစေ ရှာဖွေနေခဲ့ကြတာ။ သူတို့က မျိုးနွယ်ခြားဆိုတဲ့ အခြေအနေမျိုးကို ဂရုမစိုက်ကြဘူး။ ဒီအတိုင်း ဆက်ဆံသူ ရဖို့အတွက် သီးသန့် ဆိုတာကိုပဲ လိုက်ရှာနေခဲ့တာမျိုးလည်း မဟုတ်ဘူး"

ဒီအတွက်ကြောင့်ပဲ ရေသူထီးတွေ တအား နည်းသွားတာပေါ့။

"သူတို့ လိုချင်တာက အစပိုင်းကတည်းက ကံကြမ္မာ ပါလာတဲ့ လက်တွဲဖော်မျိုးပဲ။ ကံကြမ္မာပါတယ်ဆိုတဲ့ တည်ရှိမှုလိုမျိုးပေါ့။ အဲ့ဒီအခါ သူတို့က သူ့ရဲ့ အဖိုးတန်ဆုံး ကြေးခွံတွေကို တစ်ဖက်သူကို ပေးလိမ့်မယ်။ တစ်ဖက်သူက ကြေးခွံကို လက်ခံလိုက်တာနဲ့ သူရဲ့ တောင်းဆိုမှုကို လက်ခံတယ်လို့ ဆိုလိုတာပဲ"

ကုဝူကျိ "... တစ်ဖက်သူက လက်ခံဖို့ ဆန္ဒမရှိဘူး ဆိုရင်ရော"

ကုဝူကျိကလည်း သူ၏ ကိုယ်ပေါ်ရှိ ကြေးခွံများက ပူလာကြောင်း ခံစားလိုက်ရသည်။

ဘာလို့ သူ ပုံတူလောကထဲမှာ ဝင်နိုင်ယုံနဲ့ ဒီလို ကြေးခွံတွေကို ရတဲ့ အခြေအနေကို ကြုံတွေ့ရတာလဲ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now