အပိုင်း (၁၃၁)
ချန်းလျန်မောင်က ထောင့်နားတွင် ရှိသော ဗီဒိုလေးထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သူက အဟကြားမှတစ်ဆင့် အရိပ်မဲတစ်ခုကို မြင်နေရ၏။ ထို့ကြောင့် အသံရှူပင် အောင့်ထားမိသေးသည်။
သူက မည်သည့်နည်းနှင့်မှ ဒီလိုကြောင်တောင်တောင် နေရာကြီးမှ ထွက်မသွားနိုင်သေးချေ။ မတော်တဆ နောက်ထပ် သရဲတစ်ကောင်နှင့် ထပ်ဆုံပြန်သည်။ ချန်းလျန်မောင်က အံ့အားသင့်လွန်းသဖြင့် ကုဝူကျိ ပြောသလို ပုန်းအောင်းရန် နေရာတစ်ခုကိုသာ ခပ်မြန်မြန် ရှာလိုက်ရလေသည်။
ချန်းလျန်မောင်က လက်ထဲမှ ဖုန်းကို ဆက်တိုက်က ကြည့်နေခဲ့သည်။ ထိုအချိန်တွင် အမည်မသိရသော လူထံမှ လာသော စာကသာ သူ၏ အသက်ကယ် ကောက်ရိုးမျှင် ဖြစ်နေသည်။ တစ်ဖက်သူဟာ မည်သူဖြစ်ကြောင်း မသိသော်လည်း တစ်ဖက်သူအပေါ် ပြင်းထန်သည့် ကောင်းမွန်သည့် ခံစားချက်မျိုး ရှိနေပြီ ဖြစ်သည်။
အေးစက်သော အပူချိန်က ချန်းလျန်မောင်၏ လက်များကိုပင် တောင့်ခဲလာစေသည်။ သူက မတော်တဆ လက်ထဲမှ ဖုန်းကို လွတ်ချမိသွားသည်။ ထိုနေရာအတွင်း ထွက်လာသည့် အသံက ဟိန်းထွက်သွားစေသည်။ ချက်ချင်း ဆိုသလိုပင် အနီးအနားရှိ သရဲများ အားလုံးက အာရုံစိုက်လာကြသည်။
"အိုး"
သရဲက ချဉ်းကပ်လာကြောင်း မြင်သောအခါ ချန်လျန်မောင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဗီဒိုထဲမှ ထွက်ပြေးချင်သည်။ သို့သော် ထို့နောက် တစ်ခဏတွင် လက်တစ်ဖက်က သူ၏ ပုခုံးကို လာဆွဲ၏။
အေးစက်သော အပူချိန်က သူ့ကို ချက်ချင်းဆိုသလိုပင် အသက်ရှူအောင့်မိစေသည်။ သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူက ခေါင်းကိုပင် မလှည့်ရဲချေ။
"သရဲ ဒါက သရဲပဲ"
အပြင်ဘက်တွင်လည်း သရဲများရှိနေပြီး နီးသထက် နီးလာသည်။ ချန်းလျန်မောင်က မလှုပ်နိုင်တော့ချေ။ သူက ကိစ္စများကိုလည်း မတွေးတောနိုင်သည့် အခြေအနေတွင် ရုတ်တရက် ကုဝူကျိနှင့် ပက်သက်သည့် ရှာဖွေမှု အများဆုံး အကြောင်းအရာ စာက ပေါ်လာသည်။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်