အခန်း ၄၁

2.1K 299 22
                                    

41 01

အခန်း ၄၁.၁

"ငါလည်း ကုဝူကျိကို ချက်ချင်း ရှာချင်နေတာပဲ။ ဒါပေမဲ့ ငါတို့က အရမ်းဝေးလွန်းနေတော့ ဘာတုန့်ပြန်မှုမှမရှိဘူး"

"ငါတို့က ဒီနေရာကို ရောက်နေပြီပဲ။ သိပ်မကြာခင်မှာ နားလို့ရတော့မှာပါ"

ကောင်းကင်က မည်းမှောင်လာသောအခါ ချောက်ချားဖွယ်လေထုက တောအုပ်တစ်ခုလုံးကို လွှမ်းခြုံလာသည်။ အမှောင်ထုအတွင်း ရှိနေသော အရိပ်များက အချိန်တိုင်း ယမ်းခါနေသလိုမျိုး လေပြင်းက မြက်ပင်ရှည်များကို ဖြတ်တိုက်သွားချိန်တိုင်း လူအများကို ချောက်ချားသော ခံစားချက်များ ပေါက်ဖွားလာစေသည်။

ပြောရန်ပင် မလိုလောက်အောင် ထိုအခြေအနေက အခြားလူများထံသို့သာ သက်ရောက်မှုရှိပြီး ကုဝူကျိအတွက် သက်ရောက်မှု မရှိချေ။ သူက ပတ်ဝန်းကျင်မှ ခြုံနွယ်များ သစ်ပင်များကို တစ်ချက်ကြည့်ပြီး သူသန့်စင်နိုင်မည့် တစ္ဆေများရှိမရှိ ရှာဖွေသည်။

လုယွမ်ကျိုးကလည်း ထိုသို့သော ခံစားချက်မျိုးကို ဖော်ပြလာသည်။ ကူညီရမည့် ပစ်မှတ်က အခြေအနေ မမှန်သည့်တိုင်အောင် အခြားသောလူများကို ကူညီပေးနိုင်လျှင်လည်း မဆိုးချေ။

ခြေကျင်းဝတ်လည်သွားသော ကစားသမားကလည်း အံ့သြသွားသည်။ သူသည်လည်း ကုဝူကျိက မည်သို့သော စွမ်းရည်များကို အသုံးပြုကြောင်း မသိသော်လည်း အဖြူရောင်အလင်း ဖြတ်ကနဲ လက်သွားခြင်းကိုမူ မြင်လိုက်ရသည်။ ထိုနည်းအားဖြင့် သူတို့၏ အနားသို့ပင် မရောက်လာနိုင်သေးသော သရဲများအားလုံးက ပျောက်ကွယ်သွားတော့သည်။

သောက်ကျိုးနည်း ဒါကဘာလဲ။ ဒါကရုတ်တရက်ကြီး စိတ်ကူးယဉ် ပုံစံအဖြစ်ကို ပြောင်းသွားတာလား။

သူ၏ကုဝူကျိကို ကြည့်သောအကြည့်ထဲတွင် မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်ကို လေးစားသော ခံစားချက်များက ပါဝင်လာသည်။

ပုံပြင်ကို အတိုချုံ့ရလျှင် ထိုမျှစိတ်ဓာတ်ကျဖွယ် ကောင်းနေသော အခြေအနေမျိုးတွင် ကုဝူကျိတို့က ဦးတည်ရာသို့ ရောက်သွားလေသည်။ သူတို့၏အရှေ့ တောအုပ်ထဲတွင် အပင်များအောက် ရောက်နေသည့် သစ်သားအိမ်လေးကို မြင်လိုက်ရသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now