Part 133

463 61 3
                                    


အပိုင်း(၁၃၃)

စနစ်မှ အသံက မရပ်တန့်သေးချေ။

{မင်းရဲ့တာဝန်က စံအိမ်ပိုင်ရှင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ။ ဆက်တင်ကို ခုခံတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ရင် ကစားသမားက စိတ်ရှုပ်ထွေးပြီး စိတ်မတည်ငြိမ်တဲ့ အနေအထားကို ရောက်ရှိသွားလို့ အကျင့်စရိုက် မှန်ကန်အောင် အတင်းပြောင်းလဲ အယူခံရပါမယ်။}

{တာဝန်ကသာ မပြီးမြောက်ရင် ကစားသမားက အရင်က ကြုံခဲ့ဖူးတဲ့ သရဲတစ်ကောင်ကောင် ရှိတဲ့နေရာဆီ ကျပန်း နေရာရွှေ့ပြောင်းခံရပြီး ငါးမိနစ်ခန့်အထိ နေတဲ့ အပြစ်ဒဏ် အပေးခံရပါမယ်။}

ကုဝူကျိ "..."

ရက်စက်လိုက်တာ။

ဒီတာဝန် ကျရှုံးမှု ခံရမယ့် အပြစ်ဒဏ်က အရင်ကနဲ့ အတူတူပဲ။ ဒါပေမယ့် သူ့ရဲ့ ကာရိုက်တာကို လွန်ဆန်မိရင်တော့ သူက စိတ်အခြေအနေ ပျက်ယွင်းသွားမှာ။ ဒါက သူ့ကို အတင်း တွန်းအားပေးနေတာ မဟုတ်လား။

စနစ်၏ အသံက ထိုနေရာတွင် အဆုံးသတ်သွားသည်။ ကုဝူကျိကလည်း ဒီကော်ပီက သူ့အတွက် ထောင်ချောက်ပေါင်းများစွာ ပြင်ထားကြောင်း သိလိုက်သည်။ သူက ဗီလိန်၏ လက်အောက်ငယ်သား ဖြစ်နေသည်။ ထို့အပြင် သူက သူလျိုတစ်ယောက် ဖြစ်နေသည်။ ပြဿနာကမူ စံအိမ်ပိုင်ရှင် အကြောင်းကိုပင် သူက မသိနေခြင်း ဖြစ်သည်။

သူ နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားခဲ့ရင် စံအိမ်ပိုင်ရှင်ဆီမှာ ပေါ်သွားမှာပဲ။

ဒီအခြေအနေက အရမ်းကို အန္တရယ်များတယ်။ ဒါပေမယ့် ကုဝူကျိကလည်း ဒီတစ်ကြိမ် ယခုလိုမျိုး အလိမ်ခံရသည့်အချိန် အများကြီး ခံစားမနေချေ။ သူက အလွန် စိတ်လှုပ်ရှားနေသည်ဟု ပြော၍ပင် ရသေး၏။ ဖျော်ဖြေရေး အသိုင်းအဝိုင်းအတွင်း တိုးတက်ချင်သော အိမ်မက် ရှိသည့် သရုပ်ဆောင် တစ်ယောက်အနေနှင့် စိတ်အနေအထားက ပညာရှင်ဆန်ရန် လိုအပ်လေသည်။ ကုဝူကျိကလည်း ဒီလို စိန်ခေါ်မှုမျိုးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ သူက ပြီးပြည့်စုံသည့် သူလျိုတစ်ယောက် ဖြစ်ရပေလိမ့်မည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now