အခန်း ၈

4K 574 19
                                    

Unicode

အပိုင်း ၈

ကုဝူကျိက နေကာမျက်မှန်ကို တပ်ပြီးနောက် ပတ်ဝန်းကျင်မှသူများ သူ့ကို သတိမထားမိလောက်သော အနေအထားဖြစ်ကြောင်း သေချာမှသာ မြို့ပတ်ရထားကို စီးရန်ဆုံးဖြတ်လိုက်သည်။

မှန်သည်။ သူ၏စီးပွားရေးအခြေအနေအရ ကုဝူကျိက အဖက်ဖက်မှ ပိုက်ဆံများကို မယိုဖိတ်အောင် တားဆီးနေရသူဖြစ်သည်။ သံသယရှိရန်မလိုလောက်အောင် သူ့တွင် တက္ကစီစီးပြီးပြန်ရန်ပင် ပိုက်ဆံမရှိပေ။ မြို့ပတ်ရထားစီးခြင်းကပင် မဆိုးရွားသော အခြေအနေဖြစ်နေ၏။ 

ကုဝူကျိက ထိုင်ရန်နေရာတစ်နေရာကို ရှာလိုက်သည်။ ထို့နောက် ဖုန်းဖြင့် ကစားနေလိုက်၏။ သူ အလွန်ပင်ပန်းလာသောအခါ သူ အိပ်ပျော်သွားသည်။ ထို့နောက် သူ ဖုန်းမြည်သံကြောင့် နိုးထလာခဲ့၏။

ကုဝူကျိ ငုံ့ကြည့်လိုက်သောအခါ ရွှီမင်ကျွင်းက ခေါ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့နှစ်ယောက်က ပထမဆုံးတွေ့ဆုံခဲ့ချိန်တွင် ယဉ်ကျေးမှုအရ ဖုန်းနံပါတ်လဲထားခြင်းသာဖြစ်သည်။ တစ်ခါမှ မခေါ်ဆိုခဲ့ဖူးပေ။ 

ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ခေါ်တာလဲ၊ ရည်ရွယ်ချက်က ဘာလဲ။

သူ များများစားစား တွေးမနေဘဲ လက်ခံလိုက်သည်။ သို့သော်တစ်ဖက်က အလွန်တိတ်ဆိတ်နေ၏။ ပစ္စည်းများ ပွတ်တိုက်သံကိုကြားရသည်။ ဒါက လူများကို မသက်မသာဖြစ်လာစေသည်။

ကုဝူကျိက ချက်ချင်းဆိုသလို ဖုန်းချချင်သွားသည်။

 ဒါ ဒီနေ့ ရိုက်ကွင်းက ကိစ္စနဲ့များ သက်ဆိုင်နေမလား

ကုဝူကျိက ကိစ္စအများစုကို ကိုင်တွယ်ရန် အလွန်ပျင်းရိသူဖြစ်သည်။ မည်သို့ပင်ဆိုစေ သည်ဇာတ်ညွှန်းအရ မတရားခံရသူက သူဖြစ်ကာ သူက သဘောထားကြီးစွာဖြင့် သတိပေးစကားကို ပြောကြားပြီးသားဖြစ်သည်။

ဒါတောင်မှ ဒီမြင့်မြတ်တဲ့အဖေကို ကိုယ်တိုင်အပြေးလာပြီး လူတွေကို ကယ်ဆယ်စေချင်နေတာလား။

သို့သော် တစ်ဖန်ကြည့်ပြီးနောက်တွင် သည်နေရာက အလွန်မှောင်မဲနေသည်။ အလင်းရောင်ကိုလည်း မမြင်ရပေ။ စက်ကလည်း ညည်းညူသံလိုလိုလှုပ်ခါသံလိုလို ဖြစ်နေခဲ့၏။ ကုဝူကျိက မြို့ပတ်ရထားပေါ်တွင် တစ်ဦးတည်းသောသူဖြစ်နေလေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now