Part 127

700 90 1
                                    


အပိုင်း(၁၂၇)

ထိုအချိန်တွင် သူကိုယ်တိုင်လည်း ဘာလုပ်မှန်း မသိတော့ချေ။

မှောင်မဲသော လျှောက်လမ်း၏ အပူချိန်က ထိုးကျသထက် ကျလာသည်။ လျှောက်လမ်းအဆုံပိုင်းမှ လာနေသည့် အရည်တစ်စက်စက်က မြေပြင်ပေါ်သို့ ကျနေသံကလည်း ပီသလာသည့် အပြင် မြေပြင်နှင့် အဝတ်က ပွတ်တိုက်လျက် တစ်စုံတစ်ရာက တွားသွားပြီးလာနေသလို အသံမျိုးကိုလည်း ဆက်လက်ပြီး ကြားလာရသည်။

ယခုလို ကြောက်မက်ဖွယ် ကောင်းသော လေထုတွင် ဝန်ထမ်းနှင့် လက်ထောက် ရှောင်ကျုံးတို့၏ မျက်နှာက ဖြူဆုတ်သွားကြသည်။ သူတို့၏ နှလုံးသားထဲတွင် အမည်မသိနိုင်သော ကြေက်လန့်မှုများက ကြီးစိုးလာသည်။

"ဘာလို့ ဒီလို ဖြစ်လာတာလဲ။ ငါတို့က အဲ့ဒီ သရဲမနဲ့ ဘာရန်ညိုးမှလည်း မရှိပါဘူး။ ဘာလို့ ငါတို့ကို လာရှာရတာလဲ"

ဝန်ထမ်းက ခပ်တိုးတိုး ရေရွတ်သည်။

"မင်းက ဒီအခြေအနေကို သိထားတာလား"

ကုဝူကျိက နောက်လှည့်ကာ မေးသည်။

"ငါ့ကို ပြောပြပါဦး"

ဝန်ထမ်းကလည်း ချက်ချင်းဆိုသလို ပြန်ပြောလိုက်ချင်သည်။

...မင်းက သိထားတော့ရော ဘာလုပ်နိုင်မှာလဲ။ မင်းက ဒီအတိုင်း စတားလေး တစ်ယောက်ပဲ။ မင်းက သရဲနှင်နိုင်လို့လား။

သို့သော် ကုဝူကျိဟာ အလွန်တည်ငြိမ်နေကြောင်း မြင်လိုက်ရသော အချိန်တွင်မူ သူသည် အကြောင်းပြချက် မရှိ တည်ငြိမ်သွားရသည်။ သူက ကုဝူကျိအပေါ် အလိုလို ယုံကြည်အားကိုးလိုစိတ် ဖြစ်လာ၏။ ထိုဝန်ထမ်း ကိုယ်တိုင်ကလည်း ယခုလို စတားတစ်ယောက်ကို မှီခိုချင်ခြင်းက အတော်လေး ရယ်ရသည်ဟု ခံစားမိခဲ့သည့်တိုင်အောင် ပြောပြလိုက်သည်။

"ကိစ္စတွေက တကယ်တော့ ဒီလို ဖြစ်ခဲ့တာပါ။ အရင်က ဒီခန်းမထဲမှာ မတော်တဆမှုတွေ ရှိခဲ့ဖူးတယ်လေ..."

ထိုသို့ဖြင့် ဝန်ထမ်းကလည်း အမည်မဖော်လိုသော စည်းမျဉ်းများကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည့် အမျိုးသမီး စတားတစ်ယောက် အကြောင်းကို ပြောပြလိုက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now