Part 135

631 70 0
                                    


အပိုင်း (၁၃၅)

ထိုတစ်ခဏတွင် ကုဝူကျိကလည်း သူ၏ လက်ခုံပေါ်တွင် ရှိသော အမှတ်အသားက ပူပြင်းလာလွန်းသဖြင့် သူ၏ ဝိဉာဉ်ကပင် လောင်ကျွမ်းနေပြီဆိုသော ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏ အတွေးများကိုလည်း တစ်စုံတစ်ရာက ဖောက်မြင်နိုင်သလို ခံစားလိုက်ရသည်။

ထိုသို့ ကြောင်တောင်တောင်နိုင်သော ခံစားချက်က ကုဝူကျိ၏ တစ်ကိုယ်လုံးကို မသက်မသာ ဖြစ်လာစေသည်။ သူ၏ စိတ်အတွင်းမှ အန္တရာယ်ကို ခံစားမိသော အာရုံခံနိုင်စွမ်းအားက ပြင်းထန်လာလွန်းပြီး သူ၏ နဖူးကပင် နာကျင်လာသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် အလွန်ဆိုးရွားသော တစ်စုံတစ်ရာကတော့ဖြင့် ဖြစ်ပျက်လာပေလိမ့်မည်။

ထိုသို့ အရေးကြီးဆုံးအချိန်တွင် ကုဝူကျိက ချက်ချင်းဆိုသလို လက်လွှတ်လိုက်ပြီး ဖယ်လီစီယာ၏ လက်ကို ဖက်လိုက်သည်။ သူ၏ မြင်နိုင်စွမ်းအားကလည်း ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ယခင်ကလောက် အာရုံမစိုက် နိုင်တော့သလို တဖြည်းဖြည်းချင်း ခံစားချက်မှုများကလည်း ပျက်ပျယ်သွားသည်။

"ဘာဖြစ်တာလဲ။ အဲ့ဒီ မိစ္ဆာနတ်ဆိုးက ဖယ်လီစီယာကို မှီခိုပြီး ဒီအဆောက်အဦးထဲက လူတွေကို စောင့်ကြည့်နေနိုင်တာလား။ သူ ဘယ်လိုအတွေ့အကြုံမျိုး ရှိနေမလဲတော့ မသိဘူး" ကုဝူကျိက စိတ်အေးစွာ သက်ပြင်းချသည်။ တစ်ချိန်တည်းတွင်ပင် အတွေးထဲ တစ်စုံတစ်ရာ ဝင်ရောက်လာသည်။ သူက တွေးသည်။

"ငါ့အနေနဲ့ သူနဲ့ အဆက်အသွယ်လုပ်တာ အန္တရာယ်များလွန်း မနေဘူးလား။ အနာဂတ်မှာ သတိထားရတော့မယ် ထင်တယ်"

ယခုလေးတင် ခံစားလိုက်ရသည့် အန္တရာယ်ကို အာရုံခံနိုင်စွမ်းအားက အမှန်တကယ် ကြောက်စရာ ကောင်းလွန်းသည်။ သို့သော် ကုဝူကျိကလည်း ထိုအခြေအနေကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး စားပွဲပေါ်ရှိ အရာကို ရလိုက်သည်။ ထိုစာက သူ၏ ကုတ်အင်္ကျီအိတ်ကပ်အတွင်းသို့ ရောက်သွားပြီ ဖြစ်လေရာ သူ၏ ပန်းတိုင်က အောင်မြင်သွားသည်ဟု ဆိုလိုရသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now