အခန်း ၁၀၈

1.1K 160 4
                                    

108 01

အပိုင်း ၁၀၈

"ဒါက တကယ်ပဲ ဘာလဲ"

သူတို့ကလည်း သူတို့ရောက်ရှိနေသောနေရာက ပန်းချီလောကဖြစ်ကြောင်း သိထားပြီးသည့်တိုင်အောင် ရုတ်တရက်ပေါ်လာသော ကြီးမားသော မျက်လုံးကြီးများက ထိတ်လန့်ဖွယ်ကောင်းလွန်းနေခဲ့သည်။ ပထမဦးဆုံးအကြိမ် သည်လောကမှ အလွန်အမင်း ကြောက်စရာကောင်းလွန်းသည့် အဆီအနှစ်စွမ်းအားများကို ခံစားလိုက်ရသလို ခံစားချက်များကို ရလိုက်ကြသည်။

သူတို့ အခုတွေ့လိုက်တဲ့ ဒီအိမ်ပိုင်ရှင်က ဒီလောကရဲ့တစ္ဆေခေါင်းဆောင် မဟုတ်နေတာ များလား။

ဒါပေမယ့် စနစ်က ပြောတဲ့အတိုင်းဆိုရင် အဓိကတာဝန်က ပြီးမြောက်သွားသင့်တာ မဟုတ်လား၊ ဒါပေမယ့် အခု ရုတ်တရက်ပေါ်လာတဲ့ ဒီမျက်လုံးတွေက ပိုင်ရှင်ကများ ဖန်တီးထားတာများလား။

ကုဝူကျိကသာ ထိုကြောက်စရာကောင်းလွန်းသည့် မျက်လုံးများကို မြင်လိုက်သည်နှင့် အရာအားလုံးကို သိလိုက်ရသလိုမျိုး အလွန်အမင်း ရင်းနှီးသည့် ခံစားချက်မျိုးကို ရလိုက်သည်။

"ကြည့်ရတာ ကျင်းယွီထင်တယ်၊ သူ အချိန်ကောင်းမှာ ရောက်လာတယ်လို့ ပြောသင့်တာ"

ကုဝူကျိကလည်း သည်အိမ်ပိုင်ရှင်ကို မည်သို့ကိုင်တွယ်သင့်ကြောင်း တွေးတောကာ စိုးရိမ်နေခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ တစ်ဖက်သူက သူ့ကို ဝင်ပူးခဲ့ချိန်က အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ သို့သော် ယခုမူအကြောင်းအရာက ပေါ်သွားပြီဖြစ်သည်။ သူ၏အင်အားကလည်း မြေမျက်နှာသွင်ပြင်အရ အစပေါင်းများစွာ တိုးတက်သွား သေးသည်။

မည်သို့ပင်ဆိုစေ ထိုအိမ်ပိုင်ရှင်က ပိုင်စိုးလိုစိတ်ပြင်းထန်ရုံသာမကသေးလေဘဲ ထူးဆန်းသောဂါထာပေါင်းများစွာကိုလည်း ကိုယ်တိုင်လေ့လာထားခဲ့သေးသည်။ ထို့ကြောင့် သာမန်သရဲများကို ကိုင်တွယ်သောနည်းလမ်းမျိုးလောက်နှင့် ကိုင်တွယ်ရလွယ်ကူလိမ့်မည် မဟုတ်ချေ။

အရေးကြီးဆုံးအကြောင်းအရာကမူ သည်ပုံတူလောကက တစ်ဖက်သူကိုယ်တိုင်က ဖန်တီးထားသော ပန်းချီလောကကို အခြေခံထားခြင်းဖြစ်နေသည်။ ထို့ကြောင့် အရာအားလုံးကို ထိုပိုင်ရှင်က ထိန်းချုပ်ထားနိုင်သည်ဟု ဆို၍ရသည်။ ထို့ကြောင့် သူတို့ကဲ့သို့ကစားသမားများအနေဖြင့် တစ်ဖက်သူကိုကိုင်တွယ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now