lisa " ချစ် များမယ်နော်
သုံးခွက်မြောက်ရောက်တော့ ချစ်ကိုသတိပေးရတော့သည်။
Jennie " မများပါဘူး ji won လာထား ချီးယားးး
ခွပ်.....
ခွက်ချင်းတွေတိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ပြုံးပြုံးကြီးတွေကြည့်ကာ ဝိုင်ကို ရေထင်နေသလား အောက်မေ့ရအောင် သောက်သုံးနေကြသော ထိုလူသားနှစ်ယောက်ကိုကြည့်၍ Chaeတို့မှာ ပါးစပ်အဟောင်းသားဖြစ်နေမိသည်။
Ji Won " ငါ့သူငယ်ချင်းလေးရဲ့ နောက်ဆုံးအပျိုညကို နှုတ်ဆက်ခြင်းအထိန်းအမှတ်အနေဖြင့် ငါက ဂုဏ်ပြုပေးချင်ပါတယ် ချီးယားးးးး
Bam Bam " ဟမ် ဒီနှစ်ယောက်တော့ သိပ်မဟုတ်တော့ဘူး။
မတ်တပ်တွေထရပ်ကာ ခေါင်းငုံ့အရိုအသေပေးတာတွေက ပါလိုက်သေးတယ်။
Jennie " ok ok လက်ခံပေးရမှာပေါ့ ခစ် ခစ်... ဝိုင်လေးက အရမ်းအရသာရှိတာပဲ ji won အဝသောက်နော်
Ji Won " စိတ်ချစမ်းပါဟာ နင်လည်း အမူးသောက်ရမယ်နော် Jen
Chae Young " ငါတို့က ဝိုင်ကို ဇိမ့်လေးနဲ့အရသာခံပြီး သောက်နေတာ သူတို့က ကြွက်တွင်းထဲလောင်းချသလို လုပ်နေတယ်
Jennie " အေးပါဟ မမူးရင် ဒီနေရာက တစ်လှမ်းမှ မရွေ့ဘူး။
Ji Won " ခွက်ထဲထည့်ရတာ လက်ညောင်းတယ်ဟာ ပုလင်းလိုက်မော့ရအောင်
Chae Young " အဟွတ် အဟွတ်...
ဟိုတစ်ယောက်ရဲ့စကားကြောင့် Chae သောက်လက်စဝိုင်တွေ ပြန်ထွက်ကုန်ရတော့သည်။
Jennie " a ငါလည်း စိတ်မရှည်ဘူး နင်ပြောတာလက်ခံတယ်
lisa " ချစ် ဖြည်းဖြည်းသောက်ပါ့လားဟင်
Jennie " ဘာလဲ ရှင်က အခုကတည်းက ငြိုငြင်ချင်ေနတာလား
lisa " မဟုတ်ရပါဘူးဗျာ မောင်က ချစ်ကို ငြိုငြင်ရဲပါ့မလား။
Jennie " ဒါဆိုလည်း အဲ့အပေါက်ကိုပိတ်ထား
lisa " innper ချစ်ရဲ့
Chae Young " ဟျောင့် မင်းကတားရမှာမဟုတ်ဘူးလား ဟိုက တစ်ချက်ဘဲဟောက်ရသေးတယ် ငြိမ်ကုတ်သွားလိုက်တာ ငါ မပြောလိုက်ချင်ဘူး