lisa " မောင်က ပင်ပန်းတယ်ပြောမိလို့လား...?။ ချစ်ကိုမတွေ့ရတာလောက် မောင့်ဘဝမှာ ပင်ပန်းတာမရှိဖူးသေးဘူး။ ချစ်က မောင့်ရဲ့အားဆေးလေး! မောင့်ဘဝရဲ့ရှင်သန်ရာလေးကလည်း ချစ်ပဲ။ မောင့်ရဲ့ဘယ်ဘက်ရင်ဘတ်ခြမ်းမှာရှိတဲ့ နှလုံးသားလေးဟာ ချစ်ဆိုတဲ့သံပတ်လေးရှိေနလို့သာ ဆက်လက်လည်ပတ်နေနိုင်တာပါ။ မောင့်ကမ္ဘာကြီးမရပ်တန့်စေဖို့၊ ရှည်လျားတဲ့အနာဂတ်ခရီးလမ်းအတွက် မောင်းနှင်သူဟာ ချစ်တစ်ယောက်တည်းဖြစ်ရုံနဲ့ လုံလောက်ေနပါပြီ။ အလိုအပ်ဆုံးအရာဟာ ချစ်ဖြစ်နေသလို၊ အလိုချင်ဆုံးအရာကလည်း ချစ်ဆိုတဲ့လူသားဖြစ်နေလို့ တခြားဘာကိုမှ မမက်မောတော့ပါဘူး။
သူပြောတဲ့စကားတွေနားထောင်ပြီး Jenပါးစပ်က ဘာပြန်ပြောရမှန်းမသိအောင် စွံ့အသွားတော့သည်။ သူက ကိုယ့်ကို ဒီလောက်တောင်ချစ်ပေးခဲ့တာလား...?! တည်တည်တံ့တံ့ဆိုလာသော သူ့စကားတွေကြောင့် ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူနေမိသည်။ ပီတိလည်းဖြစ်ရပါ၏။ ငါဟာ အဲ့လောက်တောင်အချစ်ခံနေရပါ့လားဆိုတဲ့အတွေးနဲ့ ဘဝင်မြင့်ချင်လာပြီရှင်ရယ်။
Jennie " အဟက် မောင်ကလေ အရမ်းချစ်တတ်တာပဲနော်
lisa " မောင့်ရဲ့အချစ်တွေအားလုံးက ချစ်တစ်ယောက်တည်းအတွက်သီးသန့်
Jennie " ဟုတ်လို့လား အဲ့လိုစကားတွေ မိန်းကလေးဘယ်နှယောက်ကို ပြောခဲ့ပြီးပြီလဲ...?
lisa " ဟာ ဘယ်သူ့ကိုမှမပြောဖူးပါဘူးကွာ! မောင့်ဘဝမှာ ချစ်တစ်ယောက်တည်းကိုဘဲ ချစ်ခဲ့ရတာပါ။ ချစ်ကလွဲရင် ဘယ်မိန်းကလေးမှ အတွေးထဲမပြောနဲ့ အပေါ်ယံတောင် စိတ်မဝင်စားခဲ့ဖူးဘူး။ ချစ် အဲ့ဒါကိုတော့ အကြွင်းမဲ့ယုံကြည်ပေးပါနော်
" ဒီလူကြီးကလေ သူ့ကို စလို့၊ စနေမှန်းကို မသိတာပါ။ ဒါပေမယ့် သူအတာလေးက တစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်ရော! အဟွန်း... ကိုယ့်အပိုင်ဖြစ်လာမှ ဒင်းလေးကို ရှယ်ပလန်နဲ့ရစ်ပေးရမယ်။ "
Jennie " ဟုတ်လား ယုံကြည်ပေးရမယ်ပေါ့။
lisa " inn.. inn ယုံြကည်ပေးပါချစ်ရယ်။ ချစ် လုံးဝစိတ်မပျက်စေရဘူးလို့ မောင်ကတိပေးပါတယ်။ ချစ်ယုံလာအောင် ေမာင်ဘယ်လိုသက်သေပြရမလဲဟင်..