Part(72)

698 65 4
                                    

Mr Kim " မိန်းမ မင်းမပြီးသေးဘူးလား။ ဟိုမှာ ငါတို့သမီးလေးကတစ်ယောက်တည်းရယ် ဘယ်လောက်သိမ်ငယ်နေလိုက်မလဲကွာ

Mrs Kim " အင်းပါ ကျွန်မလည်းမြန်မြန်လုပ်နေတာပဲလေ အဝတ်လဲနေတာ ပြီးရင် သွားလို့ရပြီ။

Jenလေးထွက်သွားပြီး ခဏနေတော့ ကုတင်ပေါ်ကဆင်းကာ လမ်းနည်းနည်စမ်းလျှောက်ကြည့်နေတာ။ ဘယ်လောက်မှမလျှောက်ရသေးဘဲ မောလာလို့ပြန်လှဲအိပ်ရင်း ဖုန်းဖွင့်ကြည့်လိုက်တော့ မကြာပါဘူး သမီးလေးရဲ့မင်္ဂလာသတင်းတွေ ပလူပျံနေအောင်တက်နေတာ တွေ့လိုက်ရသည်။ ကိုယ်တောင်ဘာမှမသိလိုက်ရဘဲ သမီးရဲ့လက်ထပ်ပွဲဆိုပါ့လား။ ကျန်းမာရေးကိုပဓာနမထား နှစ်ခြိုက်စွာအိပ်မောကျနေသော ဇနီးဖြစ်သူကို အတင်းလှုပ်နှိုးရတော့သည်။ သူ့ရဲ့ပြောစကားအရ ဒီနေ့က သမီးလေးနဲ့kaiတို့ရဲ့စေ့စပ်ပွဲနေ့။ သမီးလေးကဖျက်သိမ်းဖို့တောင်းဆိုပြီးနောက် နှစ်ဖက်သဘောတူညီမှု့ဖြင့် ဖျက်သိမ်းလိုက်ကြသည်။ ဒါဆိုရင် ဒီလက်ထပ်ပွဲက ဘယ်လိုလုပ်ပြီးဖြစ်လာရတာလဲ... သတိုးသားနေရာမှာ kaiမဟုတ်ဘဲ lisaဖြစ်နေသည်။ နဂိုကတည်းက အဲ့ကောင်လေးအပေါ် သမီးလေးသံယောဇဥ်ရှိနေတာ ရိပ်မိပါတယ်။ သမီးလေးကသာတောင်းဆိုခဲ့ရင် လိုက်လျောပေးဖို့အဆင်သင့်ပါပဲ။ သမီးလေးရဲ့လက်တွဲဖော်ဟာ ချမ်းသာတာ၊ ဆင်းရဲတာထက် အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ သမီးလေးကိုယ်တိုင် ချစ်ခင်စုံမက်​ေနဖို့ကသာ အဓိကပါ။ သမီးလေးက မိခင်ဖြစ်သူကိုတောင် ဘာမှကြိုမပြောထားဘူးဆိုကတည်းက သမီးလေးလည်းမသိထားဘူးထင်ပါရဲ့!

တကယ်တော့ ဒီပွဲဟာ သမီးလေးကိုတမင်သက်သက်အရှက်ခွဲချင်လို့ အစီအစဥ်တကျအကွက်ချပြီးလုပ်ထားတာဖြစ်နိုင်တယ်။ ဘယ်သူလဲ သမီးလေးကို သိက္ခာချချင်​ေနတဲ့သူက။ Sang Wooလား... kaiလား...။ Sang Wooနဲ့ငါက ငယ်သူငယ်ချင်းတွေ အဲ့လိုလုပ်ရက်ပါ့အလား... ဒီလိုပြောကြေးဆိုရင် kaiကလည်း သမီးလေးနဲ့ငယ်သူငယ်ချင်းတွေပဲ။ ဘယ်သူပိုပြီးဖြစ်နိုင်လဲ...? အရင်တုန်းကအကျင့်အကြံတိုင်းဆိုရင် kaiကပိုပြီးဖြစ်နိုင်တယ်။ ဇနီးဖြစ်သူရဲ့ပြောစကားအရ liက ဒီရက်တွေမှာ နိုင်ငံခြားကိုအမြဲခရီးထွက်နေရတာဆိုတော့ သတိုးသားမရှိတဲ့မင်္ဂလာပွဲနဲ့ သမီးလေးကိုအရှက်ရအောင်လုပ်ချင်လို့ပေါ့။ Sang Wooဆိုရင် အရာအားလုံးထက် သူ့တူလေးရဲ့စိတ်ချမ်းသာမှု့ကို ရွေးချယ်လိုက်တဲ့သဘော။ liနဲ့တွဲရိုက်ထားတဲ့ပုံတွေ အကုန်လုံးကိုသုံးထားတာဆိုတော့... Sang Wooကအဖြစ်နိုင်ဆုံးပဲ။ သူ့သားနဲ့လက်ထပ်ပေးဖို့ အကျပ်ကိုင်ပြီးတောင်းဆိုခဲ့တဲ့သူက liကိုဘာလို့ထုတ်သုံးရတာလဲ...? ဒါမှမဟုတ် သူ့သားkaiနဲ့ပေါင်းပြီးကြံတာလား... အဲ့လိုဆိုရင် kaiက liရှိနေတာသိသိရက်နဲ့တော့ လက်မခံလောက်ဘူး။ Sang Wooကလည်း သူ့သားနဲ့ပေါင်းပြီး liကိုချနင်းရလောက်အောင်အထိ ရက်စက်နိုင်မှာမဟုတ်ဘူး။ ဟာ စဥ်းစားရလွန်းလို့ ခေါင်းတွေတောင်မူးလာပြီ! ဒီကောင်​ေတွက ငါ့သမီးလေးကို ဘာဖြစ်​ေစချင်နေတာလဲ...

ပင်မြင့်ထက်က တော်ဝင်သဇင်Where stories live. Discover now