Somiတို့ညီအစ်မနှစ်ယောက် liတက်ရောက်ကုသနေသည့်ဆေးရုံရှေ့သို့ရောက်လာခဲ့ကြသည်။
appaပို့ပေးထားတဲ့ messageထဲကစာနဲ့ ဆေးရုံဆိုင်းဘုတ်ကိုတိုက်ကြည့်လိုက်ကာ...
" အစ်မ ဒီဆေးရုံဆိုတာသေချာတယ်။ ညီမတို့ မြန်မြန်ဝင်ကြရအောင်။ "
" aa ညီမလေး "
ကောင်တာကိုသွားမေးဖို့ရာ ခြေလှမ်းတို့ကလေးလံနေသည်။ ဖြစ်တည်လာသောစိတ်အခြေအနေအရ ဟိုကောင်လေး lalisaမဖြစ်စေရန် အကြိမ်ကြိမ်ဆုတောင်းနေမိ၏။
" တီ တီ တီ..... "
ထိုအချိန် လက်ထဲတွင်ကိုင်ထားတဲ့ဖုန်းမှာ အဆက်မပြတ်မြည်လာသောကြောင့်...
" ကောင်တာကို ညီမလေးပဲသွားမေး လိုက်တော့နော်! အစ်မ ဖုန်းကိုင်လိုက်အုံးမယ် ဟိုဘက်က ဘာတွေအရေးကြီးနေမှန်းမသိလို့။ "
" ဟုတ်ဟုတ် အစ်မ "
ကောင်တာဆီပြေးထွက်သွားတဲ့ညီမလေးကို လိုက်ကြည့်နေရင်းမှ...
" ဟ ဘာလို့ဖုန်းတွေဆက်တိုက်ခေါ်နေတာလဲ "
" တောင်း... တောင်းပန်ပါတယ် Boss..
စက်ရုံမှာ မီးလောင်းမှု့ဖြစ်ပွားသွားလို့ပါ။ အဲ့... အဲ့ဒါ... "" ဘာ... ဘယ်တုန်းကဖြစ်တာလဲ ဝန်ထမ်းတွေရော ထိခိုက်မိသေးလား "
" တချို့စက်ရုံဝန်ထမ်းတွေတော့ ဒဏ်ရာအနည်းငယ်ရသွားပါတယ် Boss! အဲ့ဒါကလည်း ပွန်းပဲ့ရာလောက်ပါပဲ။ ဟို... ပစ္စည်းဆုံးရှုံးမှု့တွေကသာ.."
" ပစ္စည်းဆုံးရှုံးသွားတာဘာမှမဖြစ်ဘူး။ လူတွေမထိခိုက်မိဖို့က ပိုအရေးကြီးတယ် "
အစ်မဖုန်းပြောနေတာကို အနှောက်အယှက်ပေးသလိုဖြစ်မှာစိုး၍ အသာရပ်စောင့်နေလိုက်သည်။ အကဲခတ်ရသလောက် အစ်မလုပ်ငန်းမှာ ပြဿနာတစ်ခုခုတက်နေပြီထင်ပါရဲ့...
" ဒဏ်ရာရတဲ့ဝန်ထမ်းတွေကို ဆေးရုံသေချာပို့ထားရဲ့လား... မိသားစုအတွက် နစ်နာကြေးရော အပြည့်အစုံထောက်ပံ့ပေးထားရဲ့လား။ "
" ဟုတ်ကဲ့ Boss အားလုံးပြည့်စုံအောင်လုပ်ပေးထားပါတယ်။ ဒါ... ဒါပေမယ့် Boss "