" ချစ် အဲ့လိုကြီးအလုပ်ထုတ်လိုက်လို့ မကောင်းဘူးထင်တယ်နော် "
" ဘာကိုမကောင်းတာလဲ ထုတ်သင့်လို့ကို ထုတ်လိုက်တာ။ ဘာလဲ ရှင်က သူတို့ဘက်ကနာနေတာလား... "
ဒီက သူ့အတွက်နဲ့ စိတ်တိုနေပါတယ်ဆို ဒင်းလေးက ဟိုဟာမတွေဘက်ကလိုက်ပြောပေးနေတယ်။ ဘယ်လောက်တောင် စိတ်တိုဖို့ကောင်းလိုက်လဲ.....
" မဟုတ်ပါဘူးမိန်းမရယ် မောင်က မောင့်မိန်းမလေးကို appaဆူမှာစိုးလို့ပါ "
" အဟွန်း မောင်ကလည်း အစကတည်းက အဲ့လိုမပြောဘူး "
" ဟောဗျာ မောင့်မိန်းမလေးက စိတ်တိုမယ်ဆိုတာချည့်ပဲနော် "
" တိုမှာပေါ့ သူတို့က Jenယောကျ်ားရဲ့မကောင်းကြောင်းတွေ ပြောနေတာကို "
" အင်းလေ သူတို့ကလည်း မိန်းမကွယ်ရာမှပြောတာမဟုတ်ဘူး မိန်းမကြားအောင်ပြောတော့ အလုပ်ဖြုတ်ခံရတော့တာပေါ့ နော့.. "
" အဲ့လိုပြောနေရအောင် ရှင်က သူတို့ဘက်ကလား ကျွန်မဘက်ကလား ဟမ် lalisa "
" သေချာပေါက် မောင့်မိန်းမလေးဘက်ကပေါ့။ မောင် အခုလိုပြောနေတယ်ဆိုတာ မောင့်မိန်းမလေးကို စိတ်တိုအောင်လုပ်တဲ့ သူတို့ကို မကျေနပ်လို့ပါကွာ "
မောင်နဲ့စကားပြောနေရင်း လျှောက်လာလိုက်တာ companyရှေ့သို့ရောက်လာတော့...
" ceo ရုံးဆင်းပြီလားဗျ "
" ဟုတ်ကဲ့ရှင့် "
" ဒီနေ့အစည်းအဝေးမှာ ceoတင်ပြသွားတာတွေ အရမ်းကောင်းတာပဲ "
" ဟုတ်ပါတယ်ဗျ ceoလိုထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့သမီးလေးကို ပိုင်ဆိုင်ခွင့်ရတဲ့Mr Kimအတွက်တော့ ဂုဏ်ယူမဆုံးပါပဲဗျာ "
" အန်ကယ်တို့ပြောသလောက်လည်း မဟုတ်ပါဘူးရှင့် Jenမှာလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။ အန်ကယ်တို့ လမ်းညွန်ပြသပေးပါအုံးနော် "
" မဟုတ်တာceoရယ် ceoက ကျွန်တော်တို့ထောက်ပြစရာမလိုလောက်တဲ့အထိ ဟာကွက်မရှိအောင်ပြည့်စုံနေတာမလို့ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကို ceoကသာ သင်ပြပေးပါအုံးနော် "