Sang Woo " လူလေး ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား။
lisa " သား ဦးကြီးကို တောင်းပန်ပါတယ်။
မျက်နှာလေးညှိုးငယ်စွာ တောင်းပန်လာသောliလေးကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။ ကိုယ်ကသာ ရင့်ရင့်သီးသီးစကားလုံးတွေနဲ့ ကလေးကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့မိတာမလား...။ ဒါကိုတောင် လူလေးက သူ့အမှားအဖြင့်ခံယူကာ ပြန်တောင်းပန်နေသတဲ့..
Mrs Kim " ကုတင်ဆီကိုအပြေးလေးသွားကာ ခင်ပွန်းဖြစ်သူသတိရလာတာလားဆိုတာ သေချာစေရန် ပွေ့ဖက်ပစ်လိုက်သည်။ ဟင်... ပျောက်လည်းမသွားဘူး။ ဒါ... ဒါဆိုရင် ဝိညာဉ်မဟုတ်ဘူးပေါ့...
Mr Kim " ဟမ်... မင်းဘာစကားတွေပြောနေတာလဲ...?။ ငါက ဘာကိစ္စနဲ့ ဝိညာဉ်ဖြစ်ရမှာလဲ
သတိရလာလာခြင်း သမီးလေးကိုမတွေ့ရလို့ သူ့ကိုမေးပါတယ်ဆိုမှ ဒီမိန်းမက ဘာတွေထပြောနေမှန်းမသိဘူး။
Mrs Kim " ရှင်... ရှင် တကယ်သတိရလာတာပဲ။ အဟင့်.. ရှင့်ကိုလက်လွှတ်လိုက်ရတော့မယ် ထင်နေတာ ဟင့်... ပြန်သတိရလာပေးလို့ ကျေးဇူးပါ ဟင့်... ကျွန်မတို့သားအမိကိုမထားခဲ့လို့ ရှင့်ကို ကျေးဇူးတင်ပါတယ်နော် ဟင့်...။
Mr Kim " အေး.. အေးပါကွာ လွှတ်... လွှတ်ပါအုံး။ ငါ အသက်ရှူကျပ်နေပြီ...
Mrs Kim " aww inninn ကျွန်မက ရှင်သတိရလာတော့ အပျော်လွန်ပြီးမေ့သွားလို့ပါ။
Mr Kim " သမီးလေးရော အိမ်မှာလား။ ငါ သမီးလေးကိုအရမ်းလွမ်းနေတာ တွေ့ချင်တယ်။
Mrs Kim " ဟုတ်သားပဲ။ သမီးလေးလည်း ရှင်သတိရလာတာသိရင် အရမ်းဝမ်းသာသွားမှာ...။ ကလေးက ဒီနေ့ ပင်ပန်းထားလို့အိပ်ပျော်နေတာ။ ခဏလေး ကျွန်မသွားနှိုးပေးမယ်။
Mr Kim " နေပါစေ။ ဒီအတောအတွင်း သမီးလေးခမြာ ဘယ်လောက်ပင်ပန်းနေရှာမလဲ အေးဆေးအနားယူပါစေ။
Mrs Kim " မဟုတ်ဘူးလေ။ ကျွန်မသွားနှိုးပေး...
Mr Kim " ရပါတယ်ဆို သူ့စကားကိုဖြတ်ပြောလိုက်ကာ မနက်မှ သမီးလေးကိုအံ့သြသွားအောင်လုပ်ချင်လို့။
Mrs Kim " အင်းပါ။ ဒါဆို ကျွန်မ ဆရာဝန်ကြီးကို သွားခေါ်လိုက်အုံးမယ်။ ရှင်တစ်ယောက်တည်း အဆင်ပြေပါ့မလား...?။