Chae Young " ထွီ ထွီ..... လျှာပေါ်ရောက်လာသော ဘာအရသာမှန်းမသိတဲ့မနက်စာကြောင့် ဘေစင်ဆီထပြေးကာ အရေးတကြီးထွေးထုတ်လိုက်ရသည်။
Bam Bam " ဟျောင့် ယဥ်ကျေးမှု့အားနည်းလှချည်လား...
သူများတွေက စားမလို့ရှိသေးတယ်လေ ဘာကိစ္စ မင်းက တစ်ထွီးထွီးဖြစ်နေရတာလဲ သူ့ကိုသတိပေးပြီး စတင်မြည်းစမ်းလိုက်မှ Chaeကိုကိုယ်ချင်းစာတတ်သွားတော့သည်။
ဟ..... ဘယ်လိုအရသာကြီးပါလိမ့်
Ji Won " ဒီ..... ဒီမနက်စာကို ဘယ်... ဘယ်သူချက်တာလဲဟင်
စိတ်ထဲတွင်တော့ ဒီလိုလက်ရာမျိုးကို ဖန်တီးနိုင်သူမှာ Jenမှတစ်ပါး ဘယ်သူမှမဖြစ်နိုင်ပါ
ဘေဒင်မလိုပါဘူး ထင်တဲ့အတိုင်းပါပဲ...
Jennie " ငါချက်တာလေ ဘာဖြစ်လို့လဲ
ထမင်းပူပူလေးရယ် ရေခဲသေတ္တာထဲတွင်အဆင်သင့်ရှိသော ဝက်သား သုံးထပ်သားကိုကြော်ထားလိုက်သည်။ ကင်ချီဟင်းရည်ကလည်း ချဥ်စပ်ပူပူလေး၊ မုန်ညင်းရွက်လေးကိုလည်း စိမ်းစိမ်းစိုစိုလေးဖြစ်အောင် ကြော်ထားသေး၏။ ပဲနှပ်လေးလည်းပါတာကိုတောင် သူတို့ရုပ်ကြီးက ဘယ်လိုပုံစံကြီးတွေဖြစ်နေရတာလဲ.....
Chae Young " နင်ချက်တာမလို့ ဒီအရသာကြီးတွေဖြစ်နေတာပေါ့
Bam Bam " အေးလေဟာ အကုန်လုံးကို မတူကွဲပြားတဲ့အရသာတွေနဲ့ တစ်ခုမှမစားနိုင်အောင် နင်မလို့ချက်တတ်တယ် Jenရယ်
သူတို့ပြောတာမယုံ၍ ကိုယ့်ဘာသာမြည်းကြည့်လိုက်တော့.....
Jennie " အမ်... ဆိုးလိုက်တဲ့အဝင် မောင့်ဆီအကြည့်ပို့လိုက်ရင်း မောင်ရေ.....
မျက်နှာငယ်လေးနဲ့ကြည့်လာတဲ့ချစ်ကို အားပေးတဲ့သဘောနဲ့ ပြုံးပြလိုက်ပြီး
lisa " မောင့်မိန်းမချက်တာ အားလုံးကောင်းတယ်။
liစကားကြောင့် Chaeတို့သုံးယောက် အပြန်အလှန်ကြည့်မိကြရင်း မနေနိုင်တော့တဲ့Chaeကပဲ
Chae Young " ဘာကောင်းတာလဲကွ ငါ့မှာတော့လေ ညကမူးထားတော့ စောစောစီးစီးဗိုက်ဆာနေလို့ ထမင်းစားခန်းထဲ အဦးဆုံးပြေးလာခဲ့ရတာ မင်းမိန်းမလက်စွမ်းပြလိုက်တာ ညကမူးထားတဲ့အရှိန်တွေပါ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။