" နင်... Park... Park Chae Young "
" ငါ့နာမည်ကိုသတိရနေသေးတာပဲ "
" နင်ကဘယ်လိုလုပ်ပြီး ငါနဲ့အတူတူရှိနေရတာလဲ "
" စဥ်းစားကြည့်လေ နင့်ရဲ့ညံ့ဖျင်းလွန်းတဲ့ဦးနှောက်နဲ့။ "
" ဘာရယ်... "
" ငါ့ကိုပြန်မမေးနဲ့ Kim Jisoo... "
" ဘာ... ဘာလို့လာအော်နေတာလဲ "
သူဆောင့်အော်တာခံလိုက်ရ၍ sooလည်းအထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်ရန်တွေ့လိုက်၏။
ဟုတ်တယ်လေ sooကို ဘာအော်စရာအကြောင်းရှိလို့လဲ...
sooလည်း သူ့ကို ဘာမှမလုပ်ထားပဲနဲ့..." နင့်ခန္ဓာကိုယ်ပေါ်ကပြောင်းလဲမှု့တွေကိုတောင် နင်အခုထိမသိသေးဘူးလား အဟက်... "
sooကိုကြည့်ပြီး လှောင်ရယ်လိုက်တဲ့ သူ့အပြုံးကြောင့် soo ကိုယ့်ကိုယ်ကိုဆန်းစစ်ကြည့်မိသည်။
လေဆိပ်မှာတုန်းကဝတ်ထားတဲ့ sooအဝတ်အစားတွေ ဖရိုဖရဲဖြစ်နေသောsooဆံပင်များ sooခန္ဓာကိုယ်ပေါ်က တစ်စုံတစ်ရာသောထူးခြားမှု့တစ်ခုကြောင့် တစ်ခုခုကိုရိပ်မိလိုက်ပါသည်။
တုန်ရင်နေသောနှုတ်ခမ်းပါးတို့အား မနည်းအားပြုရင်း..." နင်... နင် ငါ့ကို... "
" သိပ်သေချာတာပေါ့... နင် ဒီနေ့ကစပြီး ငါ့မယားဖြစ်သွားပြီ "
" ငါ... ငါ လက်မခံနိုင်ဘူး။ "
" ဘယ်လင့်အားကိုးနဲ့ငြင်းရဲတာလဲ "
" မဟုတ်ပါဘူးChaeရယ် ငါက... "
" ငါ့ကိုအထွန့်လာမတက်နဲ့ ဒီနေ့ကစပြီး Kim Jisooဆိုတဲ့နင်က ငါ့မယားနေရာရောက်သွားပြီ။
ပလ္လင်ပေါ်မှာ အခန့်သားနေရမယ့် မိဖုရားကြီးရာထူးတော့မဟုတ်ဘူး...
ငါထားရာနေ စေရာသွား ငါ့စကားတစ်ခွန်းဆို ခေါင်းငြိမ့်ပြီးသားဖြစ်နေရမယ့် ကျွန်ထက်နိမ့်တဲ့မိဖုရားအဆင့်သတ်သတ်ပဲ။ "" ငါလက်မခံပါရစေနဲ့Chae နင်နဲ့ငါ့ရဲ့အခြေအနေက အဲ့လိုပတ်သတ်လို့မရဘူးလေ "
" သိပ်ဟုတ်တာပေါ့ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ နင်စိတ်ဆင်းရဲတာကို ပြုံးပြုံးကြီးထိုင်ကြည့်နေချင်နေတာက ငါ့ရဲ့ပန်းတိုင်ဖြစ်နေတော့... "