" ဒါက လူနာကိုဝင်တွေ့တဲ့အခါ ဝတ်ဆင်ရမယ့် ကာကွယ်ရေးဝတ်စုံတွေပါ။ "
လက်ထောက်ဆရာဝန်မလေးကမ်းပေးလာသော ထိုဝတ်စုံတို့အား လှမ်းယူလိုက်ကာ စိတ်မကောင်းဖြစ်နေမိသည်။
Jenသိပ်ချစ်ရတဲ့မောင့်ကိုတွေ့ရဖို့အရေး ဒီလောက်တောင်ခက်ခဲသွားပြီလား...
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ Jenမှာ မောင့်အတွက် မျှော်လင့်ချက်လေးရှိနေတာကိုက ပြည့်စုံလုံလောက်နေပါပြီ။" အစ်မပြောတဲ့လူစာရင်းအတိုင်း ယူလာခဲ့တာပါ ထပ်လိုအပ်သေးရင် ပြောလို့ရပါတယ်နော်။ "
" inn လူနာကိုတွေ့ချိန်ကရော ဘယ်လိုသတ်မှတ်ထားလဲ... တစ်နေ့ကို ဘယ်နှကြိမ်လောက်တွေ့ခွင့်ရှိမလဲ... တစ်ခါဝင်တွေ့ရင် ဘယ်နှယောက်တွေ့လို့ရလဲ... "
" ဟုတ် အစ်မ အဲ့ဒါကလေ သမားတော်ကြီးကပြောပါလိမ့်မယ်။ ညီမတို့မှာဆုံးဖြတ်ပိုင်းခွင့်မရှိလို့ပါ "
" ကောင်းပါပြီ ညီမသွားလို့ရပြီနော် "
" ဟုတ်ကဲ့ရှင့်.. "
" ဦးငယ် Jen မောင့်ရဲ့တာဝန်ခံဆရာဝန်ကြီးနဲ့သွားတွေ့လိုက်အုံးမယ် မောင့်ကိုသေချာဂရုစိုက်ပေးပါအုံးနော်။ "
" စိတ်ချ သမီး... liလေး ဘာမှမဖြစ်စေရပါဘူး။ "
Jenကိုဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ဦးငယ်ကို မချိပြုံးလေးပြုံးပြလိုက်ကာ...
" ဟုတ် ဦးငယ်တို့ရဲ့ကျေးဇူးတွေကို Jen ဒီတစ်သက်မေ့မှာမဟုတ်တော့ပါဘူး။ မောင့်ကို ကိုယ့်သားအရင်းလေးလိုချစ်ပေးကြတဲ့အတွက်လည်း အများကြီး အများကြီးကျေးဇူးတင်ပါတယ်နော်.. "
" မလိုပါဘူးသမီးရယ်...!! ဦးငယ်တို့က မိသားစုတွေဖြစ်နေပြီပဲ ကျေးဇူးဆိုတာကြီးကို ခဏခဏထည့်မပြောပါနဲ့လား... liလေးကဦးငယ်တို့ရဲ့သားဖြစ်သလို Jenကလည်း ဦးငယ်တို့ရဲ့သမီးလေးဖြစ်နေပြီလေ။ မိဘဆိုတာမျိုးက ကိုယ့်သားသမီးလေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ် ဝိုင်းဝန်းကူညီပေးရမယ် လိုအပ်ရင် လိုအပ်လာသလို စွန့်လွှတ်အနစ်နာခံပေးနိုင်ရမယ် ဒါဟာ မိဘတိုင်းရဲ့တာဝန်ပဲလေသမီးရဲ့... အဲ့ဒါကြောင့်မလို့ သမီးရဲ့ကျေးဇူးတင်ခြင်းကို ဦးငယ်တို့ငြင်းပယ်ပါရစေ... "