" ဝါး... မေမေ့ အိပ်ချင်ပြီ "
" ငါတို့မင်းသမီးလေးအိပ်ချင်နေပြီပေါ့ ဟုတ်လား... ဒါဆို တီတီဝန်းဆီလာပါရှင့် တီတီဝန်းကချော့သိပ်ပါ့မယ်ရှင့် "
" ဟင့်အင်း လာဝူး မေမေ ချီ "
" ဟောတော် မီးမီးလေးကဘက်လိုက်နေတယ်နော် တီတီဝန်းကိုမသနားဘူးလားဟင် "
" သနားရယ် နောက်မှလာ... "
" ဟားဟားဟားး နောက်နေ့မှ တီတီဝန်းဆီလာမယ်ပေါ့ အဲ့လိုလား "
" ဟုပ် "
" အာ ငါတို့မီးမီးလေးကအရမ်းချစ်ဖို့ကောင်းလွန်းလို့ တီတီဝန်းနမ်းချင်လာပြီကွာ "
" ရရယ် နမ်နမ် "
" ဒါဆို နမ်းလိုက်ပြီကွာ ရွှတ် ရွှတ် ရွှတ်... "
" ခစ်ခစ်ခစ်... "
Ji Wonကဖက်နမ်းနေတော့ သမီးလေးက သူ့ရဲ့အသံသေးသေးလေးထွက်အောင်တောင် ရယ်နေသေး၏။ သမီးလေးပျော်နေတာကိုတွေ့ရတော့ Jenလည်းကြည်နူးမိပါသည်။ သမီးလေးဟာ အရှည်တာ မျက်လုံးဝိုင်းဝိုင်းလေးတွေကအစ မောင်နဲ့တစ်ထေရာတည်းပါ မောင်သာ သမီးလေးကိုမြင်လိုက်လျှင် ဘယ်လောက်များဝမ်းသာလိုက်မလဲ...
" မေမေ့... "
သမီးလေးရဲ့ခေါ်သံကြောင့် Jenအတွေးစတို့ရပ်တန့်သွားရကာ...
" မေမေ့သမီးလေး ပြောပါရှင့် "
" အိပ်အိပ် မေ့ "
သူအိပ်ချင်နေပြီဖြစ်ကြောင်း မျက်လုံးလေးတွေပွတ်ပြီး သက်သေပြလာသူမှာ မောင့်ကိုယ်ပွားလေးရယ်ပါ...
လှုပ်စိလှုပ်စိနဲ့ Jenဆီဦးတည်လာနေသောသမီးလေးကို ပွေ့ချီလိုက်ပြီး" သမီးလေး ချိုချိုဆာပြီလား "
" ဆာဝူး မေ့ "
နေ့လည်ကတည်းက သမီးလေးကိုနို့မတိုက်ရသေး၍ နို့စို့ချင်မလားမေးကြည့်တော့ သမီးလေးကချက်ချင်းဖြေရှာသည်။
" အယ် သမီးလေးက နို့မစို့ဘဲအိပ်မှာလား "
" ဟုပ် စို့တော့ဝူး "
" ဘယ်စို့မလဲဟ မီးမီးလေးက နင်တို့မလာခင်လေးတင် ငါနဲ့ မုန့်တွေစားထားတာ "