ဂီယာကိုမိုင်ကုန်တင်ကာ ဟိုအယုတ်တမာရဲ့အိမ်ကို ဦးတည်လိုက်တော့သည်။
" Kim Jisoo..... မင်းက ဘယ်သူ့အားကိုးနဲ့ ငါ့ရဲ့liကိုထိရဲတာလဲ။ တောက်စ့်... "
" Kaiဆိုတဲ့ခွေးကောင် မင်းရဲ့ညီကိုတောင် ရက်ရက်စက်စက်လုပ်ရက်တဲ့ကောင်! မင်းကို သူတောင်းစားဘဝရောက်အောင် ငါလုပ်ခဲ့တာ! liကညှာတာပေးနေလို့ မင်းကို အရာအားလုံးဆုံးရှုံးတဲ့အထိ ငါကိုယ်တိုင်ဆွဲချခဲ့တာ! "
" ဟီး ဟီး ဟီးးးးး မင်းတို့လင်မယားကို liမပါဘဲ ငါတစ်ယောက်တည်းတိုက်ခဲ့တာလို့! ငါ့ရဲ့liက သူ့မိန်းမရစ်သမျှ လှိမ့်ခံနေရတာနဲ့ မင်းတို့ဘက်ကိုလှည့်အားတာမဟုတ်ဘူး။ အဲ့ဒါကို... အဲ့ဒါကိုမသိဘဲ ငါ့ရဲ့liကို အခုလောက်အထိဖြစ်သွားအောင် လုပ်ရက်ရလား..... ဟီး ဟီး ဟီးးးး "
" ငါ့ရဲ့liက ခွဲခန်းထဲဝင်သွားရတာ ကိုးနာရီကျော်နေပြီ။ အခုထိတောင် မထွက်လာနိုင်သေးဘူး။ အဲ့ဒါတွေအားလုံးက မင်းတို့နှစ်ယောက်ကြောင့်! "
" ဝူး ဝူး ဝူး..... " တရကြမ်းမောင်းနှင်နေသောကားလေးထဲတွင် မျက်ရည်တွေဖြိုင်ဖြိုင်ကျကာ ကြိမ်းမောင်းနေမိတော့သည်။
" ငါ့သူငယ်ချင်းက သေမင်းနဲ့စစ်ခင်းနေရတဲ့အချိန် မင်းတို့ကပျော်ရွှင်နေလို့ ဘယ်ဖြစ်မလဲ။ မင်းတို့နှစ်ယောက်လုံးကို သေမင်းနဲ့အရင်မိတ်ဆက်ပေးရမှာပေါ့။ အမှိုက်ထက်တန်ဖိုးမဲ့နေတဲ့ မင်းတို့ရဲ့အသက်တွေကို သေမင်းဆီမှာအပ်နင်းပေးပြီးမှ ငါ့ရဲ့ကျန်ရှိနေတဲ့သက်တမ်းကို ထောင်ထဲမှာ သွားကုန်ဆုံးလိုက်တော့မယ်။ "
liအကြောင်းကိုတွေးလိုက်မိတော့ ရင်ထဲမှာခံရခက်လာသည်။ မနိုင်တဲ့ဝန်ကို ထမ်းပိုးထားရသလိုဖြစ်နေသော liရဲ့ညှိုးနွမ်းနေသောပုံရိပ်လေးက ဒီလူယုတ်မာနှစ်ယောက်နှင့် စာရင်းရှင်းပြီးလို့ပြန်လာတဲ့အချိန် ဘယ်လိုကြိုဆိုနေမလဲဆိုတာ ဆက်မတွေးရဲတော့ပေ။ အခုချိန် မင်းဘာမှမဖြစ်ဖို့ကလွဲရင် ငါ ဘာကိုမှမမက်မောပါဘူးကွာ။ ငါတို့သူငယ်ချင်းနှစ်ယောက်လုံး ဒုက္ခပေါင်းစုံကိုတောင် အေးအတူပူအမျှ ကျော်ဖြတ်နိုင်ခဲ့ကြသေးတာပဲ ဒီအခက်အခဲလောက်ကို မင်းအရှုံးပေးသွားရရင် မင်းဟာ lalisaမဟုတ်တော့ဘူး။ ငါတို့အားလုံးအတွက် ဘယ်လောက်ဆိုးရွားနေပါစေ မင်း ရင်ဆိုင်ကျော်လွှားပေးနိုင်ရမယ်။