Part(83)

499 39 2
                                    

" Jen ငါ ဘယ်ကိုမောင်းရမလဲ... "

Chaeတို့ကိုတွေ့အပြီးရဲစခန်းကပြန်အလာ ကားပေါ်တွင်Ji Wonကမေးနေခြင်းဖြစ်သည်။ Chaeကတော့ sooဆီကိုလုံးဝမသွားဖို့  တဖွဖွမှာလိုက်ပေမယ့် ဘယ်မသွားလို့ဖြစ်မလဲ Chaeတို့ကိုကယ်တင်ပေးနိုင်တာက sooတစ်ယောက်ပဲရှိတယ်လေ။

" Jisooတက်နေတဲ့ဆေးရုံကိုသွားကြရအောင် Ji Won ဘယ်ဆေးရုံလဲ နင်သိတယ်မလား... "

" inn သိတာကသိပါတယ်ဟာ ငါတို့သွားလို့ရောဖြစ်ပါ့မလား... တော်ကြာနေ Chaeသိသွားရင်စိတ်ဆိုးနေအုံးမယ်နော် Jen "

" ဘယ်တတ်နိုင်မလဲဟာ အခုချိန်မှာ Chaeတို့အမြန်ဆုံးလွတ်လာဖို့ကပိုအရေးကြီးနေတာလေ။ "

" အင်းပါ ဒါဆိုလည်း အဲ့ဆေးရုံကိုသွားကြတာပေါ့။ လမ်းမှာတစ်ခုခုဝင်စားအုံးမလား... "

" ငါကတော်ပြီ နင်ဗိုက်ဆာရင်ဝင်စားလေ "

" ရတယ် ငါလည်းမဆာဘူး။ နင်ဗိုက်ဆာနေမစိုးလို့.. ဒါဆို ဘယ်မှဝင်စရာမရှိတော့ရင် ဆေးရုံကိုပဲမောင်းလိုက်တော့မယ်။ "

" aa Ji Won "

" ဟိုဘက်ကနှစ်ယောက် စားချင်လို့လားဟင် "

Jenဝယ်လာပေးတဲ့စားစရာတွေကို သုံးယောက်သားအတူတူစားနေကြတုန်း မလှမ်းမကမ်းတွင်ထိုင်​နေတဲ့ အချုပ်ခန်းဖော်နှစ်ယောက်မှာ မျက်တောင်မခတ်တမ်းလာကြည့်နေသောကြောင့် လှမ်းခေါ်လိုက်ရသည်။

အရမ်းတွေသဒ္ဓါတရားထက်သန်နေတာတော့ဘယ်ဟုတ်ပါ့မလဲ... ရောက်တဲ့နေရာလူချစ်လူခင်ပေါများအောင်နေရတာပေါ့။ ကိုယ်ကဘယ်ဘဝရောက်မယ်မှန်းမသိဘူးလေ...

အဲ့နှစ်ယောက်ကလည်းငြင်းလိုက်ကြတာများ... ကိုယ်ကမတော်ခေါ်လေးတစ်ခွန်းတည်းခေါ်ရသေးတယ် သူတို့က ခေါင်းတွေအဆက်မပြတ်ငြိမ့်ပြနေလေရဲ့ ကောင်းပါလေရောဗျာ..

" ကဲ ကဲ စားချင်နေကြတာမလား... ဒီကိုလာခဲ့ကြလေ ရှိတာတွေမျှစားကြတာပေါ့။ "

" inninn ကျေးဇူးပဲနော်... "

" မလိုပါဘူးဗျာ ဘဝတူတွေပဲ ရိုင်းပင်းကူညီရမှာပေါ့။ "

" ဆိုစမ်းပါအုံး အစ်ကိုတို့က ဘာအမှု့တွေနဲ့ဒီထဲရောက်လာကြတာလဲ...? တစ်ယောက်နဲ့တစ်ယောက်ရောသိပြီးသားလား အချုပ်ထဲရောက်မှသိကြတာလား... "

ပင်မြင့်ထက်က တော်ဝင်သဇင်Where stories live. Discover now