" ဟင် မေမေ..... "
liဘက်ကိုလှည့်ကြည့်လာသူမှာ မေမေဖြစ်နေ၍ liစကားတွေ ရှေ့ဆက်လို့မရတဲ့အထိ စွံ့အသွားမိသည်။ တကယ်ပါ li မေမေ့ကိုပြန်တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တာပါ။
အတိုင်းမသိ ဝမ်းသာကြည်နူးခြင်းတို့နှင့်အတူ မေမေ့ကို ပြေးဖက်လိုက်တော့သည်။
" သားက မေမေ့ကို အရမ်းအရမ်းလွမ်းနေခဲ့ရတာ... "
" မေမေလည်း သတိရတာပေါ့ သားရယ်။ "
နှစ်ပေါင်းများစွာ လွမ်းနေခဲ့ရတဲ့ သားလေးရဲ့မျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေမိသည်။ လောကအလယ် မျက်စိသူငယ်၊ နားသူငယ်နဲ့ ကျန်ခဲ့ရတဲ့ဒီသားလေးကို မဖြစ်မနေကြောင့်သာ စိုးရိမ်ပူပန်ခြင်းများစွာနဲ့ ချန်ထားခဲ့ရတာပါ။ သားလေးရဲ့ပုံပန်းသဏ္ဌာန်ကြည့်ရတာ အစ်ကိုကြီးက ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ပေးခဲ့တယ်တူပါရဲ့...
" မေမေ ဘာတွေစဥ်းစားနေတာလဲဟင် "
သားလေးဆီကအသံကြားမှ အတွေးစတို့ရပ်တန့်သွားကာ သားလေးကိုပြုံးပြလိုက်ရင်း...
" ဘာရယ်မဟုတ်ပါဘူးကွယ်! သားလေးအဆင်ပြေရဲ့လား တွေးမိသွားလို့ပါ။ "
" အာ သားအဆင်ပြေပါတယ်ဗျ။ မေမေ စိတ်မပူပါနဲ့နော် "
" inn အခုတော့ မေမေ စိတ်ပူစရာမလိုတော့ပါဘူး။ "
" ဟုတ်ကဲ့ မေမေ။ ဦးကြီးကလည်း သားကို အများကြီးချစ်ပေးတာမလို့ မေမေ ဘာမှမစိုးရိမ်ပါနဲ့နော်။ "
" ဟုတ်ပါပြီကွယ် သားလေးမပြောလည်း မေမေကသိပြီးသားပါ။ "
" အဟား ဟား..... ဟုတ်လားဗျ "
" ဒါပေါ့ သားလေးရဲ့! "
" အော် ဒါနဲ့ မေမေ Jenကိုတွေ့မိသေးလားဟင်... သား Jenကို လိုက်ရှာနေတာကြာပြီ အခုထိမတွေ့သေးလို့။ "
" သားက ဘာလို့ အဲ့ကောင်မလေးကိုအသည်းအသန်ရှာနေရတာလဲ...?
" စိတ်ပူလို့ပေါ့ မေမေရ။ အော် မေမေမသိသေးဘူးပဲ! Jenဆိုတာက သားလက်ထပ်ယူထားတဲ့ သားဘဝထက်အရေးကြီးတဲ့ သားကို သူ့ကိုယ်သူ ပိုချစ်ပေးနေတဲ့ သားသိပ်ချစ်ရတဲ့ဇနီးလေးပေါ့ တစ်နည်းအားဖြင့် မေမေ့ရဲ့ချွေးမလေးလေ။ "