Part(79)

466 60 5
                                    

" လူလေး... လူလေးကို ကယ်တင်ပေးကြပါဗျာ... "

" တောင်းပန်ပါတယ်ဗျ! ကျွန်တော်တို့အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ် လူနာကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်လည်း ထပ်ပြီးအနူးအညွတ်တောင်းပန်ပါတယ်။ "

" ပြောတော့ဖြင့် ခင်ဗျားတို့က ဒီဆေးရုံရဲ့ အတော်ဆုံးဆရာဝန်ကြီးတွေဆို ဒါဆိုရင် ကျုပ်တူလေးကိုကယ်ပေးနိုင်ရမှာပေါ့။ "

" လူနာက ဆေးရုံကိုခေါ်လာကတည်းက ဒဏ်ရာပြင်းထန်နေခဲ့တာပါ။ ကျွန်တော်တို့တွေ ရလိုရငြားဆိုတဲ့စိတ်နဲ့ နာရီပေါင်းများစွာကြိုးစားပေးခဲ့ပါတယ်။ ကံတရားက လူနာဘက်မှာရှိမနေပေးတော့..... "

" မလိုချင်ဘူး။ liလေးအသက်ပြန်ရှင်တာပဲကြားချင်တာမလို့ ကယ်တင်ပေးပါ...!! ကျုပ်ရဲ့တူလေးကို ရအောင်ကယ်တင်ပေးကြပါဗျာ ဟီး ဟီး ဟီး..... "

ဆရာဝန်ကြီးရဲ့အင်္ကျီကိုဆွဲကိုင်ကာ တောင်းဆိုငိုကြွေးနေသော သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး ဘာဆက်လုပ်ရမှန်းမသိတော့ပါ။ တစ်ယောက်က တစ်ဦးတည်းသောတူလေးကို ဆုံးရှုံးလိုက်ရတော့မယ့်အဖြစ်၊ နောက်တစ်ယောက်က တစ်ဦးတည်းသောသမီးလေးရဲ့ခင်ပွန်းဖြစ်သူကို လက်လွှတ်ရတော့မယ့်အဖြစ် ဒီအဖြစ်အပျက်ကြီးကို ရင်ဆိုင်ကြရတော့မယ့် ဒီသူငယ်ချင်းနှစ်ယောက်ကို ဘယ်လိုစကားလုံးတွေသုံးပြီး ဘယ်လိုနှစ်သိပ့်ရပါ့မလဲ...?

နောက်ပြီး သားလေး... သားလေးကရော သူ့သူငယ်ချင်း ဒီလိုဖြစ်သွားပြီဆိုတာသာသိသွားခဲ့ရင်.....

" မင်း Chaeလေးကို ဖုန်းဆက်ပြောလိုက်အုံးလေကွာ အချိန်မှီပြန်လာရအောင်လို့! "

" ကျွန်မ မဆက်ရဲဘူး။ သားလေး အရမ်းဝမ်းနည်းနေရှာမှာ... ရှင်... ရှင်ဆက်ပြောလိုက်ပါနော်။ "

" အင်းပါ ငါပဲဆက်ပြောလိုက်တော့မယ်။ "

" ဟင် Jen နင်... နင်သတိရလာပြီ။ ငါတို့ကစိတ်ပူနေတာ "

" သမီးလေး ommaသမီးလေးသတိပြန်ရလာပြီ omma... omma ဝမ်းသာလိုက်တာ သမီးလေးရယ် "

Jen သတိမေ့နေတာဘယ်လောက်ကြာသွားလဲမသိပေမယ့် အသိစိတ်ဝင်လာတာနဲ့ မြင်ချင်မိတဲ့မောင့်အပြုံးလေးကိုမတွေ့ရ၍...

ပင်မြင့်ထက်က တော်ဝင်သဇင်Where stories live. Discover now