Part(68)

873 65 8
                                    

Manager " ငါတို့ဌာနက ဝန်ထမ်းတွေအားလုံး ခန်းမထဲကိုသွားရမှာဖြစ်လို့ လူကလွဲရင် ဘာမှယူလာလို့မရပါဘူး

Boy1 " ဘာဖြစ်လို့လဲဆရာ ကျွန်တော်တို့ ဖုန်းတောင်ယူလာလို့ မရဘူးလား

မန်နေဂျာလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ထိုဌာနထဲ၏ အရေးပါဆုံးဝန်ထမ်းဖြစ်သူမှ နားမလည်၍ ထမေးလိုက်သည်။

နားလည်အောင်ရှင်းပြပေးမယ် ငါတို့ဝန်ထမ်းတွေအကုန်လုံး AK Groupမှာ အလုပ်စဝင်ပြီဆိုကတည်းက....

AKရဲ့တည်ထောင်သူကို မည်သူတစ်ဦးတစ်ယောက်မှ မမြင်ဖူးသေးဘူး

ပြောရရင်တော့ ငါတို့ရဲ့ဥက္ကဋ္ဌက လူငယ်လား၊ လူလတ်လား၊ လူကြီးလား၊ ဘယ်သူမှ အတိအကျမသိကြဘူး ဆရာကိုယ်တိုင်လည်း မသိရသေးဘူး ဥက္ကဋ္ဌဟာ လူငယ်လို့လည်းကြားဖူးတယ် တချို့ကလည်း လူလတ်ပိုင်းထဲကလို့ ပြောနေကြတယ်

ငါတို့ရုံးချုပ်ကလူတွေ အရမ်းကံကောင်းတယ်လို့ပြောရမယ် ဒီနေ့ ဥက္ကဋ္ဌကိုယ်တိုင် ခန်းမထဲမှာ မိန့်ခွန်းပြောမယ့်အကြောင့် ဌာနပေါင်းစုံကို အမိန့်စာတွေကျလာပြီ

ဥက္ကဋ္ဌရဲ့လုံခြုံရေးအရ ခန်းမထဲကို ဘယ်ဝန်ထမ်းတစ်ဦးတစ်ယောက်မှ စက်ကြိယာနဲ့ပတ်သတ်လို့ ယူလာခွင့်မရှိဘူး မင်းတို့လည်းကြားဖူးမှာပါ နိုင်ငံတကာက AKလုပ်ငန်းတွေအားလုံးကို လှည့်လည်ဦးစီးဆောင်ရွက်နေတာက ဥက္ကဋ္ဌရဲ့လူရုံတွေ

ကမ္ဘာပေါ်က AKရံုးချုပ်တွေအားလုံးထဲကမှ ငါတို့ရုံးချုပ်တစ်ခုတည်းကသာ အထူးအခွင့်အရေးအနေနဲ့ ဥက္ကဋ္ဌကိုယ်တိုင် ပထမဆုံးအကြိမ် လူလုံးထွက်ပြမယ့် သဘောရှိတယ်

ခန်းမထဲကိုမဝင်ခင် လုံးခြုံရေးအဆင့်ဆင့်ရဲ့ စစ်ဆေးခြင်းကိုခံရမယ်

ဥက္ကဋ္ဌရဲ့လက်အောက်မှာ ဥက္ကဋ္ဌအတွက် လေပေါ်၊ မြေပြင် လုံခြုံရေးအထူးတပ်ဖွဲ့ဝင်တွေရှိသလို အဆောက်အဦးပတ်ပတ်လည်မှာလည်း ရာပေါင်းများစွာသော အထူးတပ်ဖွဲ့ဝင်တွေကို ကင်းချထားတယ်

ခန်းမထဲမှာလည်း ဗုံးရှာဖွေရေးသမားတွေနဲ့ အထပ်ထပ်စစ်ဆေးထားပြီးသားမလို့ ဘာလုပ်ကြံမှု့မှမရှိလာစေရန် အားလုံးပြင်ဆင်ထားကြတယ်

ပင်မြင့်ထက်က တော်ဝင်သဇင်Where stories live. Discover now