Part(85)

444 45 4
                                    

" Jen စားလို့ဝပြီလား... "

" ဟုတ် omma Jen ဝပါပြီ။ Jenသွားတော့မယ်နော် companyမှာမနက်ပိုင်းအစည်းအဝေးရှိလို့...! "

" သမီးစားတာသိပ်အားမရပါဘူး။ ညကျတော့ ဆေးရုံမှာအိပ်တယ်! မနက်ရောက်ပြန်တော့လည်း အိမ်မှာခဏဘဲနေပြီး မနက်စာလေးတောင် ဖြောင့်ဖြောင့်မစားနိုင်...!
ကြာလာရင် သမီး ဒုက္ခရောက်လိမ့်မယ်နော်။ "

" Jen သိပ်မဆာလို့ပါommaရယ်... ညက Ji Wonနဲ့အတူတူ အများကြီးစားထားတော့လေ... "

" နောက်တစ်ခါ တစ်ချက်တည်းနဲ့ အများကြီးမစားနဲ့နော် သမီး။ ဘယ်လောက်ပဲဗိုက်ဆာဆာ နည်းနည်းလေးနဲ့ ခဏခဏစားပေးပါ ကိုယ်က အရင်လိုတစ်ယောက်တည်းမဟုတ်တော့ဘူး သမီးဗိုက်ထဲမှာ သမီးရဲ့ရင်သွေး ommaတို့ရဲ့မြေးဦးလေးရှိနေပြီလေ။ အစားအသောက်၊ အနေအထိုင်၊ သွားတာလာတာမှအစ တစ်ခုခုကိုလုပ်မယ်ကြံရွယ်တိုင်း ငါ့ကလေးလေးအတွက် သင့်တော်ပါ့မလား ကလေးလေးကိုထိခိုက်သွားနိုင်လောက်လားဆိုတဲ့အတွေးမျိုး အမြဲတမ်းဝင်ပေးပါနော်။ "

သား li ကျန်းမာရေးဖြစ်ပြီးကတည်းက သိသိသာသာချောင်ကျသွားတဲ့Jenလေးကို မိခင်တစ်ယောက်အနေနဲ့ အလွန်စိုးရိမ်မိပါသည်။
သားဦးလေးလွယ်ထားရတော့ မြေးဦးလေးအတွက်ပါ ထပ်ဆင့်စိတ်ပူရပါသည်။ သမီးလေးရော မြေးလေးဿိုရော ဘယ်လိုမှအစွန်းအထင်းမခံနိုင်၍ ကိုယ်တိုင်ဂရုတစိုက်စောင့်ရှောင့်သလို သမီးလေးကိုလည်း အချိန်တိုင်းသတိပေးနေမိ၏။

" ဟုတ်ကဲ့ စိတ်ချပါommaရဲ့... Jenရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်ပါ့မယ်နော်။ နောက်ပြီး Jenမှာ ဘာကိစ္စ ဘယ်လိုအခက်အခဲတွေဘဲကြုံတွေ့လာရပါစေ မောင့်ရင်သွေးလေးကိုတော့ ဘယ်တော့မှ အထိခိုက်ခံမှာမဟုတ်ပါဘူး။ အဲ့အတွက်နဲ့တော့ omma စိတ်မပူပါနဲ့နော်...!! "

" ကောင်းပါပြီကွယ်။ သမီး နေ့လည်စာကို ဘယ်မှာစားမလဲ... "

" အစည်းအဝေးပြီးတာနဲ့ မောင့်ဆီကိုသွားမှာဆိုတော့ ဆေးရုံမှာဘဲစားဖြစ်လောက်တယ်။ "

" ဒါဆို omma နေ့လည်စာထည့်လာပြီး သား liအခန်းမှာစောင့်နေမယ်လေ "

ပင်မြင့်ထက်က တော်ဝင်သဇင်Where stories live. Discover now