" အမုန်းခံရဆုံး အမျိုးသားနဲ့အမျိုးသမီး" ရသစုံရှိုးသည် အင်တာနက်သုံးစွဲသူများနဲ့ ထိုနယ်ပယ်ထဲကအတွင်းသိများက vote ပေးခဲ့တဲ့ သဘောမကျဆုံးဆယ်လီများခြောက်ဦးကို ရိုက်ကူးရေးမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သည်။
ရှိုးသည်ထုတ်လွှင့်သည်နှင့်ချက်ချင်း ပေါက်သွားခဲ့ပြီး အင်တာနက်သုံးစွဲသူများက ထိုရှိုးကိုသူတို့ကြည့်ဖူးသမျှထဲမှာ အဆိုးရွားဆုံးရသစုံရှိုးဟုခေါ်ကြတယ်။ ဒါပေမယ့် ရှိုးရဲ့တရားဝင်ရိုက်ကူးရေးမစခင်တစ်နေ့တွင် ရှန်းလုသည်သူမနေထိုင်ရာကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်သာဖြစ်ပြီး သူမကအမြောက်စာဇာတ်ပို့မင်းသမီးတစ်ယောက်ဖြင့်သလို ဒီရှိုးရဲ့နံပါတ်တစ်အမျိုးသမီးကြယ်ပွင့်နဲ့ အင်တာနက်သုံးစွဲသူတွေ vote ပေးထားတဲ့အမုန်းခံရဆုံးအမျိုးသမီးဆယ်လီဖြစ်ကြောင်း ရုတ်တရက်သိသွားခဲ့သည်။
ရှန်းလုကြွေးကြော်လိုက်သည်။
" VIP ကြည့်ရှုဧရိယာရေ ငါလာပြီဟေ့!"***
ဂိမ်းအပိုင်းတစ်ပိုင်းအတွင်းမှာ ရှန်းလုအနိုင်ရခဲ့ပြီး အခန်းရွေးချယ်ဖို့အထူးအခွင့်အရေးရခဲ့သည်။
မင်းသမီးလေးရောဂါရှိနေတဲ့သရုပ်ဆောင်မင်းသမီးက မောက်မာစွာပြောလာတယ်။
" ဟဲ့ အခန်းချင်းလဲကြရအောင်"သူတို့နှစ်ယောက်စကားများတော့မယ်လို့ လူတိုင်းကထင်မိခဲ့ကြပေမယ့် ရှန်းလုကပြုံးလိုက်ပြီး..." တစ်ညအတွက် ယွမ်50,000ပါ နှစ်ညဆို20% လျော့ဈေးရမယ် WeChatနဲ့ရှင်းမလား Alipay နဲ့ရှင်းမလား?"
မင်းသမီးလေးရောဂါရှိတဲ့သရုပ်ဆောင်မင်းသမီး: ???
–
ဒရာမာကွင်းသရုပ်ဆောင်မင်းသမီးက ရှန်းလုရဲ့spotlightကို ခိုးယူဖို့တမင်တကာကြိုးစားလာတယ်။ ဒါပေမယ့် ရှန်းလုကအိတ်ထဲကနေ တခြားသူတစ်ယောက်ရဲ့မျက်နှာပုံစံ အထူးတလည်ပြုလုပ်ထားတဲ့ မှာယူသူစိတ်ကြိုက်မျက်နှာဖုံးကိုတည်ငြိမ်စွာထုတ်ယူလိုက်ပြီး ပြောလိုက်တယ်။
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...