ငါနင့်ကိုကြိုက်တယ်လို့ပြောခဲ့တဲ့အချိန်တိုင်းထက် ပိုပြီးအသိစိတ်ရှင်းနေတယ် (1)
.ရှန်းလုရဲ့စကားကို ဘယ်လိုပြန်ချေပရမလဲဆိုတာ လင်းယန့်ယန့်မသိသလို စကားတစ်ခွန်းမှမပြောနိုင်လို့ အလွန်ဒေါသဖြစ်ရသည်။ ထိုအခိုက်တွင် ဒါရိုက်တာကသူတို့ရဲ့အောင်မြင်မှုကို ကြေညာလာသည်။
ရှန်းလု လင်းယန့်ယန့်ကိုကြည့်ပြီး ချီးကျူးလိုက်တယ်..." နင်တော်တယ် ငါတို့နိုင်ပြီ"
လင်းယန့်ယန့်: "??!!"
နေအုံး....ရှန်းလုကသူမကိုချီးကျူးနေတာလား?
မဟုတ်သေးဘူး အနိုင်ရတာကသူမအကျိုးဆောင်လို့ပဲ! ဒါကအမှန်တရား ချီးကျူးစကားမဟုတ်ဘူး!
ပရိုဂရမ်တစ်ခုလုံးရိုက်ကူးပြီးသွားတာတောင်မှ လင်းယန့်ယန့်သည်သူမရဲ့မူလရညမရွယ်ချက်ကို မမေ့သေးပဲ ရှန်းလုကိုမပြောင်းမလဲမုန်းတီးနေသည်။
ရှန်းလုသည်သဘာဝအလျောက်ပင် သူမအပေါ်လင်းယန့်ယန့်ရဲ့ရန်လိုမှုကိုခံစားနိုင်သည်။ ထို့ကြောင့် ရိုက်ကူးရေးပြီးဆုံးလို့ ထွက်မသွားခင်မှာ ရှန်းလုတိုက်ရိုက်ဖွင့်ဟမေးလိုက်သည်။
" လင်းယန့်ယန့် နင်ငါ့ကိုမုန်းနေတာလား?"လင်းယန့်ယန့် ခဏမျှကြက်သေသေသွားပြီးနောက် ရှန်းလုရဲ့အရှိုက်ကို တမင်တကာထိုးနှက်လိုက်သည်။
" ဒါပေါ့! နင့်မှာကိုယ်ပိုင်အသိတရားမရှိဘူးလား? ငါကနင်းလင်လိုသိမ်မွေ့ပြီးညှာတာတတ်တဲ့ ညီအစ်မလှလှလေးကိုသဘောကျတာ နင်ကသူ့ခြေဖျားတောင်မယှဉ်နိုင်ဘူး!"လင်းယန့်ယန့်သည်နင်းလင်ကိုလုံးဝသဘောမကျပေမယ့် နင်းလင်အကြောင်းပြောခြင်းက ရှန်းလုကိုဒေါသထွက်အောင်လုပ်နိုင်မှန်း သိထားတာကြောင့် ဒီလိုမျိုးရှန်းလုကိုတမင်တကာရန်ဆွခြင်းပင်။
" သိပြီ"
ရှန်းလုသည်ခံစားချက်အတတ်အကျအနည်းငယ်သာပြသလျက် နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
" ဒါဆိုငါလည်းနင့်ကိုသဘောမကျတော့ဘူး"ထိုသို့ဆိုပြီးနောက် ရှန်းလုသည်သိပ်မဝေးတဲ့နန်နီကားဆီသို့လျှောက်သွားပြီး လင်းယန့်ယန့်ကိုချန်ထားခဲ့သည်။
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...