Chapter 22

444 67 1
                                    

နင်တို့ကသူငယ်ချင်းကောင်းတွေဆိုတာငါမသိခဲ့ဘူးရော (2)
.

အင်တာနက်သုံးစွဲသူတွေမှာထင်ကြေးပေးစပြုလာသည်။

[ နင်းလင်နဲ့ရွှီဇယ်နှစ်ယောက်စလုံးကဂရုစိုက်တတ်တဲ့သူတွေမို့လို့ သူတို့အတွက်မှန်ကန်ဖို့အခွင့်အရေးပိုရှိလိမ့်မယ်လို့ခံစားရတယ်]

[ ဟုတ်တယ် နင်းလင်ကမျက်လုံးတွေကိုတိုက်ပြီးစစ်ဆေးကြည့်ခဲ့တာ အဲဒါကြောင့်အရင်ကသူတစ်ခုခုကိုတော့သတိပြုခဲ့မိမှာပဲ]

[ ဘာပဲဖြစ်ဖြစ် ရှန်းလုနဲ့စုန့်ဇီချန်းအတွက်ကတော့ မှန်ဖို့ဆိုတာဖြစ်နိုင်ခြေမရှိဘူး သူတို့နှစ်ယောက်စလုံးကအရမ်းကိုမှပေါ့ပေါ့လေးရွေးချယ်ခဲ့ကြတာ!]

ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့က ရွေးချယ်ထားသူတွေကိုတစ်ယောက်ပြီးတစ်ယောက် အတည်ပြုပြီးနောက်မှာတော့ အရင်ဆုံးရွေးချယ်ခဲ့တဲ့ရှန်းလုကလွဲရင် အားလုံးမှားခဲ့ကြပြီး သူမတစ်ယောက်တည်းအောင်မြင်ခဲ့သည်။

ရှန်းလုကအနိုင်ရရှိသူစာအိတ်ကို ကိုင်ဆောင်ထားချိန်မှာ အင်တာနက်သုံးစွဲသူတွေအားလုံး မယုံသင်္ကာဖြစ်နေကြသည်။

[ ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ရှန်းလုကပထမအချီထဲကထုတ်ပယ်ခံခဲ့ရတာမို့ သူမေ့နေတဲ့အချိန်ကပိုပြီးတော့တောင်ကြာရှည်သင့်တာကို]

[ ပြီးတော့ သူကအရင်ဆုံးရွေးခဲ့သူ အဲ့ဒီလူကိုသူကခပ်မြန်မြန်နဲ့ အတိအကျရှာတွေ့သွားခဲ့တာလား? ဒါကဇာတ်ညွှန်းရေးထားတာအသိသာကြီးမဟုတ်လား?]

[ ဒါရိုက်တာအဖွဲ့ကတကယ်ကြီးရှန်းလုကိုမြှင့်တင်ပေးနေကြတာလား? ဘာလို့ဉာဏ်ကြီးရှင်ကောင်မလေးtropeလဲ? တကယ်လားအလိမ်အညာလား?]

စုန့်ဇီချန်းသည်လည်းရလဒ်ကိုလက်ခံဖို့ခက်ခဲနေပုံရပြီး ပရိသတ်တွေရဲ့ကိုယ်စားလှယ်အဖြစ် ပြုမူကာမေးလာသည်။
" မင်းသူ့ကိုဘယ်လိုရှာတွေ့ခဲ့တာလဲ?"

" အရမ်းရိုးရှင်းပါတယ်"

ရှန်းလုသည်စာအိတ်ကိုအလျင်စလိုမဖွင့်ခဲ့ပဲ အဲဒီအစားအိတ်ကပ်ထဲမှာထည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
" ဘာလို့လဲဆိုတော့ သူလက်ညှိုးရဲ့အဆစ်ပေါ်မှာ အမာရွတ်တစ်ခုရှိနေလို့လေ"

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now