Chapter 1 - ဒါက " ဗီလိန်တွေ" ဆိုတဲ့ အဖွဲ့လား?
.ငိုက်မျဉ်းတဲ့အခြေအနေထဲမှာ တစ်စုံတစ်ယောက်ကိုအနေရခက်စွာ ဖျောင်းဖျနေတဲ့ ညင်သာတဲ့အမျိုးသမီးအသံတစ်သံကို သူမကြားရသည်။
" သခင်လေးကျန်း အရင်ပြန်သွားလိုက်ပါလား? မမလေးကနေမကောင်းဘူး"
ဒါပေမယ့် အေးစက်စက်အမျိုးသားအသံသည် ထင်ရှားတဲ့ဒေါသတရားပါနေသည်။
" လင်းလင်ကိုအနိုင်ကျင့်တဲ့အတွက် ရှင်းပြချက်တစ်ခုတော့သူပေးရမယ်"စကားလုံးတွေဆုံးသွားသည်နှင့် အရင်ကပိတ်ထားခဲ့တဲ့တံခါးသည် အပြင်ကနေတွန်းဖွင့်ခံလိုက်ရပြီး ခြေသံတွေပိုပိုနီးကပ်လာသည်ကိုကြားလိုက်ရသည်။
သူမရဲ့ခေါင်းကိုက်ဝေဒနာပိုပြင်းထန်လာပြီး သူမလက်ကောက်ဝတ်ကအေးစက်စက်ခံစားချက်ကို ရှန်းလုခံစားမိလိုက်သည်။ တဖက်လူကအားပိုစိုက်ထည့်လာပြီး ဘာတွေဖြစ်ခဲ့မှန်းသူမမသိပေမယ့် နေမကောင်းတဲ့လူနာတစ်ယောက်ဖြစ်တဲ့သူမက အိပ်ရာကနေဆွဲထူခံလိုက်ရသည်။
ရှန်းလုမျက်လုံးတွေကြိုးစားဖွင့်ပြီး သူမအရှေ့ကလူကိုကြည့်လိုက်သည်။ အမျိုးသားကအနောက်တိုင်းဝတ်စုံဝတ်ဆင်ထားပြီး သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာက ရေခဲတစ်လွှာနဲ့ဖုံးအုပ်နေသည်။ သူ့မျက်လုံးတွေကတည်ငြိမ်ပုံပေါက်နေပေမယ့် ဖုံးကွယ်မထားနိုင်တဲ့ စက်ဆုပ်မှုနဲ့ဒေါသအရိပ်အယောင် ရှိနေသေးသည်။
သူမလက်ကောက်ဝတ်မှာ နာကျင်မှုခံစားလိုက်ရပြီး ရှန်းလုမှာဘာဖြစ်သွားတာလဲဆိုတာ တုံ့ပြန်ရန်အချိန်မရလိုက်ပဲ အလိုအလျောက်လက်ကိုရုန်းထွက်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် အဖျားကြောင့်သူမကတစ်ကိုယ်လုံးအားနည်းနေပြီး ရုန်းမထွက်နိုင်ပေ။
ထို့ကြောင့် လည်ချောင်းထဲကလောင်ကျွမ်းနေသလိုနာကျင်မှုကို သည်းခံရုံပြီး မေးလိုက်ရုံသာတတ်နိုင်တယ်။
" ကျန်းယိ နင်ဘာဖြစ်ချင်နေတာလဲ?"သူမအရှေ့ကအမျိုးသားကကျန်းယိလို့အမည်ရပြီး ချမ်းသာကြွယ်ဝတဲ့ကျန်းမိသားစုရဲ့ တစ်ဦးတည်းသောသား၊ သူ့မျိုးဆက်မှာထိပ်တန်းအရည်အချင်းရှိသူဖြစ်သလို သူမရဲ့ငယ်ချစ်ဦးလည်းဖြစ် စေ့စပ်ထားတာဆယ်နှစ်ကျော်ကြာသူလည်းဖြစ်တဲ့သူပင်။
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...