Chapter 18

710 87 0
                                    

စံအိမ်နဲ့ရှန်းလုကြားကပတ်သတ်မှုကဘာလဲ? (1)
.

ကျိုက်ယွဲ့လျန်မှာ သူမရဲ့လှပတဲ့မင်္ဂလာကားကြီးကိုကြည့်ပြီးနောက် သုဿန်နဲ့ဆက်စပ်နေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေပြည့်နှက်နေသည့် သူမကားဘေးမှာပါကင်ထိုးထားသည့် ထရပ်ကားကိုတွေးလိုက်မိသည်။ ပြီးတော့ ဒါကသူမနဲ့သူမကောင်လေးရဲ့ငါးနှစ်မြောက်ချစ်သက်တမ်းနှစ်ပတ်လည်နေ့မှာဖြစ်သည်။ ကံဆိုးချက်ပဲ!

ချစ်သူကောင်လေးနဲ့အတူမင်္ဂလဓာတ်ပုံတွေရိုက်ဖို့ မူလကဝမ်းမြောက်ပျော်ရွှင်နေတဲ့ခံစားချက်ရှိတဲ့ ကျိုက်ယွဲ့လျန်အဖို့တော့ အခုချိန်မှာသုဿန်ကိုနေ့ချင်းပြန်အလည်တစ်ခေါက်ရောက်လာခြင်းအဖြစ် ပြောင်းသွားလေသည်။ လက်ရှိတွင် သူမကဘာစကားမှမပြောခဲ့ပဲ သုန်မှုန်တဲ့မျက်နှာထားဖြင့် ကားထဲဝင်လိုက်ပြီး သူမကောင်လေးကသူမကိုနှစ်သိမ့်ပေးဖို့ အလျင်အမြန်လိုက်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာချက်ချင်းဖြတ်ချခံလိုက်ရသည်။

ထိုအခိုက်တွင် အင်တာနက်သုံးစွဲသူတွေမှာ ဒီအဖြစ်ကြောင့်အလွန်အံ့ဩတုန်လှုပ်နေကြဆဲဖြစ်ပြီး တချို့လူတွေဆိုရှန်းလုနဲ့နှင်းဆီစံအိမ်ကြားက ပတ်သတ်မှုကိုခန့်မှန်းစပြုလာသည်။

အဘယ်ကြောင့်ဆိုသော် ဝက်ဘ်ဆိုဒ်တစ်ခုလုံးပြဲပြဲစင်ရှာဖွေပြီးနောက်မှာ နှင်းဆီစံအိမ်ကိုသုဿနာအဖြစ်ပြောင်းတဲ့ သတင်းအစအနရှာမတွေ့ခဲ့ရသလို ဒီသတင်းရဲ့အစောဆုံးအရင်းအမြစ်က တကယ်ပဲရှန်းလုဖြစ်နေတာကြောင့်ပင်။

တစ်ယောက်ယောက်ကအကြံပြုလာသည်။

[ ငါ့မှာရဲတင်းတဲ့အတွေးတစ်ခုရှ်ိတယ် ဒီစံအိမ်ကတကယ်ပဲရှန်းလုနဲ့တစ်ခုခုပတ်သတ်နေတာလား?]

ဒါပေါ့ ဒီကိစ္စအတွက် တိုက်ရိုက်သက်သေမရှိသေးပဲ ထင်ကြေးအများအပြားထဲမီတစ်ခုသာဖြစ်နိုင်တာကြောင့် လူအများအပြားကမယုံကြည်ကြပါဘူး။

ဒါပေမယ့် ဒီနှင်းဆီစံအိမ်ကိုဘယ်သူကပိုင်ပြီး ဘာလို့ရုတ်တရက်ကြီးသုဿန်အဖြစ်ပြောင်းလဲချင်ရတာလဲဆိုတာ ဘာပဲဖြစ်ပါစေ ရသစုံရှိုးရိုက်ကူးနေပြီး ဒီအကြောင်းမသိတဲ့နင်းလင်သည် ဒီစံအိမ်ရဲ့အနာဂတ်သခင်မဟုတ်ပုံမရတာ သက်သေပြဖို့လုံလောက်ပါသည်။ တချို့လူတွေသည်နင်းလင်စတူဒီယိုရဲ့ဝေ့ပေါ်အောက်မှာ အဖြေရှာဖို့မှတ်ချက်တွေသွားရေးခဲ့ကြပေမယ့် နင်းလင်ကိုယ်တိုင်ကရိုက်ကူးရေးလုပ်နေဆဲဖြစ်တာကြောင့် စတူဒီယိုကသဘာဝအလျောက်ပင်မည်သည့်စာမှမပြန်ခဲ့ပေ။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now