Chapter 6

789 110 5
                                    

စိတ်မပူပါနဲ့ နင့်CPကအစစ်ပါ
.

လင်းယန့်ယန့်ရဲ့တွဲဖက်ဖြစ်တဲ့ယဲ့လုက ချက်ချင်းသူမကိုသရော်လိုက်သည်။
" ဒါကခင်ဗျားပြောတဲ့ကံကောင်းတယ်ဆိုတာလား?"

ဒါပေမယ့် ကျန်တဲ့ဝါးချောင်းတွေအားလုံးကုန်သွားပြီး ထိုအပေါ်မှာရေးသားထားတဲ့ "လမ်းဘေးကကောက်လာတဲ့ကျောက်တုံးတစ်တုံးကို ၁၀၀ယွမ်"၊ " လက်ဆွဲနှုတ်ဆက်ရင်၁၈၈ယွမ်၊ " တစ်ခါဖက်ရင်၅၂၀ယွမ်" စသည့်စာလုံးတွေကိုမြင်လိုက်ရချိန်မှာတော့ အားလုံးနှုတ်ဆိတ်သွားကြသည်။

ရှန်းလု လင်းယန့်ယန့်ကိုကြည့်ပြီး စိတ်ရင်းနဲ့သူမကိုချီးကျူးလိုက်သည်။
" နင်တကယ်ကံကောင်းတာပဲ"

'ငွေလိမ်စားဖို့ငါရောက်လာပြီဟေ့' လို့ရှင်းလင်းစွာပြောထားတဲ့ ဒီအရာတွေနဲ့ယှဉ်ရင် ဝက်စာကသာမာန်အဆန်ဆုံးဖြစ်ပြီး အနည်းဆုံးတော့လက်တွေ့ကျကျလဲလှယ်စရာ တစ်စုံတစ်ရာပေးထားသည်။ ကျန်တဲ့ဟာတွေကတော့ရိုက်စားလုပ်မှုအတွက် တရားဆွဲခံရနိုင်သည်။

barrage ထဲမှာလေထုကအလွန်စည်ကားတတ်ကြွနေသည်။

[ ပရိုဂရမ်အဖွဲ့ကလူတိုင်းကိုတာဝန်မပြီးမြောက်စေချင်ရင် ပြောသာပြောချလိုက်ပါဟယ် ဒီလိုတာဝန်မျိုးတွေဖန်တီးစရာမလိုပါဘူး ဟားးဟားးဟားး]

[ ဒါသိပ်ရှက်ဖို့ကောင်းတာပဲ ဘယ်သူမှလုပ်နိုင်မယ်လို့ငါမယုံကြည်ဘူး ဒါပေမယ့် မြင်တော့မြင်ချင်သားရယ် (ကောက်ကျစ်တဲ့အပြုံးအီမိုဂျီ)]

[ ဖန်အစစ်တွေတောင်မှ ဝက်စာအတွက်ငွေသုံးဖို့ဆန္ဒမရှိလောက်ဘူး အမည်းရောင်ဖန်တွေဆိုပြောမနေနဲ့တော့ ဟားဟားး]

[ ဒီတာဝန်ကရူးချင်စရာပဲ ဟားဟားး]

[ ငါ့ကိုယ်ငါနိမိတ်ဖတ်သူလို့ကြေညာတယ် ဒီထဲကဘယ်သူမှတာဝန်မပြီးမြောက်နိုင်ဘူးလို့ ငါလောင်းရဲတယ်!]

ဧည့်သည်တော်အားလုံးကကိုယ့်ဆိုင်ရာကားထဲမှာထိုင်ပြီး အမည်းရောင်ဖန်နဲ့ 'တွေ့ဆုံချိန်းဆိုပြီး ဝက်စာရောင်းချရန်' ဆိုတဲ့ခက်ခဲတဲ့လမ်းကြောင်းပေါ် တတ်လာကြသည်။ လူတိုင်းကစိတ်ပူနေကြပြီး ဒီခြောက်ခြားစရာတာဝန်ကြီးကို ဘယ်လိုပြီးအောင်လုပ်ရမလဲလို့ တွေးတောနေကြ၏။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now