ဒီရှိုးမှာအချို့ယွင်းဆုံးကအရာကတော့– ပုံမှန်လူတွေပါပဲ(1)
.ဤမှတ်ချက်သည် မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများကြားတွင် ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။
[ ဟားဟားးဟား ဒီအင်တာနက်သုံးစွဲသူက လူ့ကျင့်ဝတ်ချို့ယွင်းနေတာလား?]
[ ဒီရသစုံရှိုးကိုယ်တိုင်ကိုက အတော်လေးဆိုးရွားနေပြီးသားကို အင်တာနက်သုံးစွဲသူတွေကလည်းပိုဆိုးအောင်လုပ်နေကြတာဘဲ (ပခုံးတွန့်အီမိုဂျီ)]
[ ငါမကြိုက်ဆုံးအနုပညာရှင်ကိုဘယ်လိုရွေးရမလဲမသိဘူးရယ် သူတို့အားလုံးကစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းလို့ ဆုံးဖြတ်ဖို့ခက်လိုက်တာနော်]
[ နေပါအုံး...ရွှီဇယ်ကဘာလို့ခြောက်ယောက်မြောက်ဧည့်သည်လဲ? သူ့ရဲ့အွန်လိုင်း vote တွေကဆယ်ချီပဲရှိတာရှင်းလင်းပါတယ် ပထမအချီမှာ ငါသူ့ကိုသတိတောင်မထားမိဘူး ဘယ်လိုဖြစ်ပြီးဒီစာရင်းထဲမှာအဆုံးသတ်သွားရတာလဲ?]
[ အစောပိုင်းကအဆင့်တွေနဲ့ပတ်သက်ပြီး ငါသိပ်မသိပေမယ့် နယ်ပယ်အတွင်းသိတွေဆီက ရွှီဇယ်ရဲ့voteတွေကတော့ ပြိုင်ဘက်ကင်းပဲ နောက်ဆုံးစာရင်းက အင်တာနက်သုံးစွဲသူတွေနဲ့ နယ်ပယ်ထဲကအတွင်းသိတွေရဲ့voteကိုပေါင်းထားတာအရ စီထားတာမို့လို့ သူကခြောက်ယောက်မြောက်ဧည့်သည်ဖြစ်သွားတာ]
[ အခုတော့ငါနားလည်သွားပြီ ရွှီဇယ်ကသားကောင်ဖြစ်သွားတာပဲ ( ခွေးခေါင်းအီမိုဂျီ)]
[ ဒီလူခြောက်ယောက်ထဲမှာတောင် ငါအမုန်းဆုံးသူကရှန်းလုဖြစ်နေတုန်းပဲ သူနဲ့အပြိုင်သူ့ထက်အများကြီးပိုလှတဲ့ တစ်ယောက်ယောက်ပေါ်လာလိမ့်မယ်လို့ ငါထင်တယ်]
[ သဘောတူတယ် +1]
[ ပထမဆုံးအပိုင်းကို ဒီသောကြာနေ့မှာစတင်ရိုက်ကူးလိမ့်မယ်! ရိုက်ကူးရေးတစ်လျှောက်လုံး live-stream လုပ်နေမှာ! ငါတော့စောင့်မျှော်နေပြီဟေ့!]
……
မကြာသေးမီနှစ်တွေအတွင်း ရေပန်းအစားဆုံးလူငယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရွှီဇယ်ကလူကြိုက်များမှုမြင့်မားပြီး ဖန်အများအပြားရှိသည။ သူ့ရဲ့အမည်းရောင်ဖန်အရေအတွက်က ပျှမ်းမျှသာဖြစ်လောက်တယ်
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...