Chapter 14

643 73 0
                                    

ကောင်းတဲ့အရာတွေရှိနေတာပဲ!(2)
.

ရသစုံရှိူး" အမုန်းခံရဆုံးအမျိုးသားနဲ့အမျိုးသမီး"ရဲ့ဒုတိယပိုင်းမှ ဖိတ်ကြားထားတဲ့ဧည့်သည်တွေနဲ့စတင်ပေလိမ့်မည်။ ပရိုဂရမ်အဖွဲ့သည်တရားဝင် Weiboတွင်အင်တာနက်သုံးစွဲသူတွေရဲ့မဲပေးမှုတွေအပေါ်အခြေခံပြီး ဧည့်သည်တွေကိုဖိတ်ကြားပေလိမ့်မည်။

ပြီးတော့ ဒီတစ်‌ခေါက်မှာအသာစီးရတဲ့ပမာဏအများအပြားဖြင့် မဲပေးမှတ်တမ်းမှာထိပ်တန်းပြေးနေတဲ့သူကတော့ —နင်းလင်။

အလှကုန်ကြေညာရိုက်ကူးရန်သွားသည့်လမ်းတွင်ရှိနေစဉ် ရှန်းလုမှာထိုသတင်းကိုသိခဲ့သည်။ ကားမောင်းနေတဲ့ မုန့်ကျစ်ချွမ်းမှာဒေါသတကြီးဆိုလာသည်။
" ရှောင်းထောင်ယန့်ကတကယ်ပဲနင်းလင်ကိုဖိတ်လိုက်တာလား? သူတို့ဘာလုပ်ချင်နေကြတာလဲ? သူတို့ငါတို့ကိုပစ်မှတ်ထားနေတာလား?"

သူကလည်းရှန်းလုပေးထားတဲ့ရှိုးရဲ့ချစ်စနိုးနာမည်ကို လိုက်ခေါ်စပြုနေပြီ။

ထိုစဉ် ရှန်းလုသည်ပိုက်မှတစ်ဆင့်လီမွန်ဖျော်ရည်ကို တစ်ငုံသောက်လိုက်ပြီး ချဉ်စူးမှုကသူမမျက်နှာအစိတ်အပိုင်းတွေကို ရှုံ့မဲ့သွားမတတ်ဖြစ်စေခဲ့ပေမယ့် မုန့်ကျစ်ချွမ်းကိုနှစ်သိမ့်ပေးလိုက်ပါသေးသည်။
" ဒါသာမာန်ပါပဲ ဒါဆိုငါကဒီရှိုးရဲ့အကြီးမားဆုံးသတင်းခေါင်းစဉ်လို့ သွယ်ဝိုက်သက်ရောက်သွားတာမဟုတ်လား? ကောင်းတဲ့အရာပဲလေ"

ဒါပေမယ့် မုန့်ကျစ်ချွမ်းမှာဒေါသထွက်နေသေးသည်။
" ဒါပေမယ့် သူတို့မင်းကိုအမြတ်ထုတ်ချင်နေတာ သိပ်မသိသာလွန်းဘူးလညး? ဒီရသစုံရှိုးကိုနင်းလင်လက်မခံပါစေနဲ့လို့ပဲမျှော်လင့်တယ် မဟုတ်ရင် ငါတို့အတွက်ပြဿနာများလိမ့်မယ်"

ရှန်းလုသန်းဝေလိုက်ပြီး..." ရှင့်ကိုယ်ရှင်ထင်ယောင်ထင်မှားဖြစ်မနေနဲ့ သူကျိန်းသေလာမယ်ဆိုတာ ရှင်သိပါတယ်"

ဆယ်လီတွေအတွက်တော့ အရေးအကြီးဆုံးအရာ‌က လူကြိုက်များမှုပဲ။ ဒီရသစုံရှိုးကမထုတ်လွှင့်ရသေးခင်မှာပင် ကုမ္ပဏီတွေနဲ့အဖွဲ့အများအပြားရဲ့အာရုံကိုဆွဲဆောင်ထားခဲ့ပြီး အခုပထမဆုံးအပိုင်းရိုက်ကူးပြီးနောက် လူကြိုက်များမှုမြင့်မြင့်ရရှိခဲ့ပြီး နယ်ပယ်ထဲကရေပန်းစားတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now