Chapter 15

722 83 1
                                    

နှင်းဆီဥယျာဉ်စတိုင်ထူးခြားတဲ့သုဿန် (1)
.

ဒုတိယအပိုင်းရဲ့ရိုက်ကူးရေး တရားဝင်စတင်ခဲ့ပြီး လူတိုင်းကတူညီတဲ့တာဝန်ကို ရရှိခဲ့သည်။ ခရီးပန်းတိုင်ကိုသွားရာလမ်းမှာ ကျန်တဲ့ဧည့်သည်ငါးယောက်ကိုအကဲဖြတ်ပြီး သူတို့ရဲ့သဘောကျနိုင်စရာအရည်အသွေးအပေါ်အခြေခံပြီး သူတို့အားအဆင့်သတ်မှတ်ပေးရန်။

စုန့်ဇီချန်းအတွက်တော့ ဒီတာဝန်ကပြီးမြောက်ဖို့တစ်မိနစ်ပင်မကြာပေ။ သူ့ရဲ့အချိန်တစ်ဝက်လောက်ကို ကျန်ကျင့်ကိုအကဲဖြတ်ရင်းကုန်ဆုံးခဲ့သည်။ ကျန်ကျင့်အတွက်သူရေးခဲ့တဲ့ကတ်ပေါ်တွင်ဖြစ်သည်။
' သင့်တင့်တဲ့မင်းသမီးတစ်ယောက်ဆိုပေမယ့် ဇာတ်ညွှန်းထက်အမြဲတမ်းကိုယ်ပိုင်အခန်းကဏ္ဍကို ဦးစားပေးတယ် ဇာတ်ကောင်ထဲအမှန်တကယ်နှစ်မြုပ်ထားဖို့ မဖြစ်နိုင်ဘူး'

barrage မှာသူ့ရဲ့အဓိပ္ပါယ်ကိုခွဲခြမ်းစိတ်ဖြာကြသည်။

[ တကယ်တော့အဲ့ဒါကငါတို့အားလုံးမကျေနပ်ကြတဲ့အကြောင်းပဲ ကျန်းကျင်းမှာသရုပ်ဆောင်အရည်အချင်းရှိပေမယ့် သရုပ်ဆောင်တဲ့အခါဆိုရင်တော့ မြင်ကွင်းကိုခိုးယူဖို့ ကျန်တာဘာကိုမှဂရုမစိုက်တော့ဘူး...]

ကျန်တဲ့လူလေးယောက်အတွက်တော့ ပို၍ပင်ရိုးရှင်းပါသည်။ စုန့်ဇီချန်းကရွှီဇယ်၊ ရှန်းလုနဲ့လင်းယန့်ယန့်အတွက် တူညီတဲ့စကားလုံးလေးလုံးချရေးခဲ့သည်။
" သရုပ်ဆောင်ကောင်းမဟုတ်"

ယဲ့လုအတွက်တော့ သူကစာလုံးသုံးလုံးသာရေးခဲ့သည်။
" သရုပ်ဆောင်မဟုတ်"

ထို့နောက် စုန့်ဇီချန်းသည်ကျန်းကျင်းရဲ့နာမည်ကတ်ကိုဘေးဖယ်လိုက်ပြီး ကျန်တဲ့သူအနည်းငယ်ကိုအတူရောစုလိုက်ကာ..." အဆင့်သတ်မှတ်ပေးဖို့ဘာမှမထိုက်တန်ဘူး"

[ ဟားးဟားးဟားး ဒီလောက်ရိုးရှင်းမယ်လို့တခါမှမထင်ထားခဲ့ဘူး]

[ ဒါရိုက်တာစုန့်ရဲ့မျက်လုံးထဲမှာ' သရုပ်ဆောင်ကောင်း' နဲ့' မကောင်းတဲ့သရုပ်ဆောင်' ပဲရှိခဲ့တာ ယဲ့လုနဲ့တွေ့ပြီးနောက်မှ ' သရုပ်ဆောင်မဟုတ်' ဆိုတာကိုထပ်ထည့်ခဲ့တာ ( ခွေးခေါင်းအီမိုဂျီ)]

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now