Chapter 10

812 114 6
                                    

ငါနင့်ကိုကြိုက်တယ်လို့ပြောခဲ့တဲ့အချိန်တိုင်းထက် ပိုပြီးအသိစိတ်ရှင်းနေတယ် (2)
.

တစ်ဖက်ရှိ ရိုက်ကွင်းတစ်နေရာတွင်။

ဖုန်းကိုင်ထားသည့်နင်းလင်မှာ ဝေ့ပေါ်,ပေါ်ကရှန်းလုနဲ့ပတ်သတ်ပြီး ထူးထူးကဲကဲအကောင်းမြင်တဲ့မှတ်ချက်တွေကိုကြည့်ပြီး သူမမျက်နှာထားကရှစ်ခေါက်ချိုးဖြစ်လာသည်။

သူမသည်းမခံနိုင်ဆုံးအရာက ရှန်းလုကိုချီးကျူးထားတဲ့မှတ်ချက်တွေဖြစ်ပြီး တစ်ချို့ဆိုရင် ရှန်းလုရဲ့ပုံကိုပင်ပရိုဖိုင်ဓာတ်ပုံအဖြစ်သုံးထားကြသည်။

မိတ်ကပ်ပညာရှင်သည် နင်းလင်ရဲ့မိတ်ကပ်ကိုဂရုတစိုက်နဲ့ခြယ်မှုန်းနေပြီး သူမရဲ့လှုပ်ရှားမှုတွေမှာပင် အမှားတစ်ခုမှမပြုရဲပေ။ နင်းလင်ရဲ့အေးဂျင့်ကသူမကိုနားအလည်ဆုံးဖြစ်ပြီး နှစ်သိမ့်ပေးလာသည်။

" စိတ်မပူပါနဲ့ အားလုံးကရှိုးကိုအရသာတွေ့ရုံပါပဲ ဒီလိုပရိုဂရမ်မျိုးမှာသူ့ကိုတကယ်ကြိုက်သွားကြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

" ကျွန်မတို့ဒီတိုင်းပဲကြည့်နေတော့မှာလား?"
နင်းလင် ဖုန်းကိုသိမ်းလိုက်ပြီး အသက်ပြင်းပြင်းရှူပြီးမှ မိတ်ကပ်ပညာရှင်ကိုစိတ်မရှည်လက်မရှည်ဖြင့်ကြည့်ကာ...." ဒီလိုမျိုးဘယ်လောက်ကြာကြာဆက်လုပ်နေအုံးမှာလဲ? ဒီလိုကျွမ်းကျင်မှုလယ်ဗယ်နဲ့ဆို နင့်ရဲ့အလုပ်အကိုင်ကိုစောစောပြောင်းသင့်တယ်"

" ဟုတ်- ဟုတ်ကဲ့ပါ"
မိတ်ကပ်ပညာရှင်က ဘရက်ရှ်တွေကိုအလျင်အမြန်သိမ်းဆည်းလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေသည်။

အေးဂျင့်ကမိတ်ကပ်ပညာရှင်ကိုကြည့်ကာ ထွက်သွားရန်အချက်ပြလိုက်သည်။

တံခါးပိတ်သွားလေသည်။

အေးဂျင့်ရဲ့အသံမှာအပြစ်တင်မှုအရိပ်အငွေ့ပါနေသည်။
" နင်းလင် အပြင်လူတွေရှိနေတဲ့အခါ ပိုပြီးသတိထားပါ"

နင်းလင်ကအိုင်ဒေါဒရာမာထဲကအချစ်ကလေးအဖြစ် လူသိများကျော်ကြားပြီး ဘေးအိမ်ကညင်သာသိမ်မွေ့တဲ့ကောင်မလေးပုံရိပ်ကို အမြဲတမ်းပုံဖော်ထားသည်။ ဒါပေမယ့် သူမရဲ့လက်ရှိအခြေအနေကတော့ ထိုပုံရိပ်ကိုပြင်းပြင်းထန်ထန်ဖျက်ဆီးနေသည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now