ဒီကမ္ဘာကြီးထဲမှာကောင်းတဲ့အရာရှိလို့လား?(1)
.ရှန်းလုအတွက်တော့ ကျန်းယိနဲ့သူမနဲ့ဆိုးရွားလှတဲ့ဆက်ဆံရေးကို အဆုံးသတ်ဖို့ထက်ဘာကမှပိုပြီးအရေးမကြီးချေ။
ကျန်းယိသည်အတော်လေးပါးနပ်သဖြင့် ရှန်းလုသူ့ကိုဘလော့သွားစေတဲ့ အကြောင်းနဲ့အကျိုးကိုစဉ်းစားလိုက်ချိန်တွင် သူမဒေါသအတွက်အကြောင်းရင်းကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။
ဒီတစ်ခေါက်မှာ သူမှားသွားခဲ့ကြောင်း ကျန်းယိသိရာ ရှန်းလုနဲ့ရင်ဆိုင်ရချိန်တွင် သူ့လေသံကရှားတောင့်ပါးတောင့်နူးညံ့ပျော့ပျောင်းသွားပြီး ရှင်းပြလာသည်။
" မင်းကိုယ့်ကိုဖုန်းခေါ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကိုယ်မသိဘူး အဲ့ဒီမှတ်ချက်ကကိုယ်စီစဉ်ခဲ့တာမဟုတ်ဘူး ကိုယ်ကသူတို့ကိုမင်းကိုသင်ခန်းစာတစ်ခုလောက်ပဲ ပေးစေချင်ခဲ့ပေမယ့် ကိုယ်မထင်ထားခဲ့တာ....."" သူတို့ကိုကျွန်မအပေါ်သင်ခန်းစာပေးစေချင်ရုံပဲဟုတ်လား?"
ရှန်းလု ကျန်းယိရဲ့စကားကိုကြားဖြတ်ပြောကာ ပြန်ရေရွတ်လိုက်သည်။
" ရှင်ကသူတို့ကို ကျွန်မအပေါ်သင်ခန်းစာပေးစေချင်ရုံပဲမို့ သူတို့ဒီလိုနည်းနဲ့ကျွန်မကိုအရှက်ခွဲခဲ့တာ ရှင့်အမှားလုံးဝမဟုတ်ဘူးလို့ ပြောဖို့ကြိုးစားနေတာ ဟုတ်တယ်မလား?"ရှန်းလုရဲ့အပြစ်တင်ရိပ်လွှမ်းတဲ့လေသံအောက်မှာ ကျန်းယိအလိုအလျောက်ပြန်ချေပချင်ခဲ့ပေမယ့် စကားလုံးတွေကိုရှာမတွေ့တာကြောင့် ခေါင်းညိတ်ရုံသာတတ်နိုင်သည်။
"......အင်း"ရှန်းလုမျက်လုံးတွေမှိတ်ချလိုက်ပြီး တံခါးလက်ကိုင်ဘုကိုကိုင်ထားတဲ့ လက်တွေအနည်းငယ်တုန်ယီသွားသည်။ သူမအရှေ့ကအမျိုးသားကစက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် စိမ်းသက်နေတယ်လို့ခံစားရသည်။
သူကဒါကိုမထင်မှတ်ထားသည်ဖြစ်စေ မထင်မှတ်ထားသည်ဖြစ်စေ မဆီလျော်ပါဘူး။ ပရိုဂရမ်အဖွဲ့ရဲ့ဝန်ထမ်းက သူ့ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာရုံသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမအပေါ်သူ့ရည်ရွယ်ချက်တွေက အမုန်းစွက်သည်ပင်။ သူမကဒီလိုမျိုးသိက္ခာချလို့ရတဲ့သူလို့ သူများတွေထင်သွားအောင် သူကဘယ်လိုသဘောထားမျိုးနဲ့စကားလုံးတွေကိုသုံးစွဲခဲ့တာလဲ?
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...