Chapter 20

633 86 0
                                    

စံအိမ်နဲ့ရှန်းလုကြားကပတ်သတ်မှုကဘာလဲ? (3)
.

လေထုကအတော်လေးကသိကအောက် ဖြစ်သွားသည်။

barrage မှတ်ချက်တွေမှာ ရှန်းလုကိုအလွန်ပြိုင်ဆိုင်မှုပြင်းထန်ပြီး အသင်းအဖွဲ့စိတ်ဓာတ်မရှိသည့်အတွက် စတင်အပြစ်တင်လာကြသည်။

ဒါပေါ့ ရှန်းလုအတွက်စကားပြောပေးတဲ့လူတွေလည်းရှိပါသည်။

[ ငါဘယ်နှကြိမ်လောက်ပြောရမှာလဲ? ရှန်းလုကသူလျှိုပါလို့ ဒီအဖွဲ့ကသူ့အဖွဲ့အစစ်မဟုတ်ဘူးဟဲ့]

[ ဒါပေမယ့် ဒီပရိုဂရမ်အဖွဲ့မှာအသင်းအဖွဲ့စိတ်ဓာတ်ဆိုတာ ဘယ်တုန်းကရှိသွားတာလဲ?]

[ ဘယ်သူစိတ်ကျေနပ်သွားသလဲ? ငါပဲလေ! ငါသာရှန်းလုဆိုလည်း မပေးနိုင်ပါဘူး သူများဟာလည်းယူသေး စုန့်ဇီချန်းရဲ့မျက်နှာထားကဘာလို့အင်တင်တင်ဖြစ်နေရတာလဲ? ကြိုက်ရင်ယူ မကြိုက်ရင်မယူနဲ့!]

[ လူသစ်လေးတွေရေ ရှိုးရဲ့နာမည်ကိုကျေးဇူးပြုပြီးကြည့်ပေးကြပါအုံး လူဟောင်းတွေရေ ဒီရှိုးကိုကြည့်တဲ့ငါတို့ရဲ့မူလရည်ရွယ်ချက်ကို ကျေးဇူးပြုပြီးမမေ့ပါနဲ့!]

အနုတ်အမှတ်ရှိတဲ့ တစ်ယောက်တည်းသောသူဖြစ်တဲ့ စုန့်ဇီချန်းကို တခြားသူတွေရဲ့အမှတ်တွေကိုမကြေညာခင်မှာပဲ အနက်ရောင်ဝတ်လူတစ်ယောက်ကလာဖမ်းသွားခဲ့ပြီး သံသယမရှိထုတ်ပယ်ခံလိုက်ရသည်။

လင်းယန့်ယန့်အဖွဲ့ရဲ့ဖြည့်စွက်ချက်ဖြင့် ရှန်းလုသည်ရှိနေကြတဲ့လူတွေအားလုံးထဲမှာ အမြင့်ဆုံးအမှတ်ရှိသူဖြစ်နေသေးသည်။ အခုချိန်မှာ လုရှကဘယ်သူ့ကိုမဆိုထုတ်ပယ်ခွင့် အာဏာရှိနေတယ်လို့ ပြောရမည်။

barrage မှာသူမရဲ့အတွေးတွေကို ချက်ချင်းစတင်ခန့်မှန်းလာကြသည်။

[ ရှန်းလုကသူလျှိုဆိုတော့ သူအနိုင်ရချင်တယ်ဆိုရင် လက်ရှိအဖွဲ့ကတစ်ယောက်ယောက်ကိုပဲ ထုတ်ပယ်နိုင်တယ်]

[ ရှန်းလုကအခုအနိုင်ရဖို့ အရမ်းကြိုးစားခဲ့တာမဆန်းတော့ပါဘးး သူကနင်းလင်ကိုထုတ်လောက်မယ်ထင်တယ် အရူးတောင်ဒါကိုမြင်နိုင်တယ်]

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now