Chapter 19

537 75 0
                                    

စံအိမ်နဲ့ရှန်းလုကြားကပတ်သတ်မှုကဘာလဲ? (2)
.

ရှန်းလုသည်အနီးဆုံးဒုတိယထပ်မှာ နေရာချခံရပြီး ဓာတ်လှေကားထဲကနေထွက်လိုက်သည်နှင့်ချက်ချင်းပင် သူမအရှေ့မှာမျက်နှာဖုံးတပ်ထားတဲ့လျှို့ဝှက်ဆန်းကြယ်အမျိုးသားတစ်ယောက်ပေါ်လာသည်။ သူကသူမကိုတည်ကြည်လေးနက်စွာဖြင့်..." ရှန်းလု လျှို့ဝှက်သရုပ်မှန်ကိုရရှိသွားတဲ့အတွက်ဂုဏ်ပြုပါတယ် တကယ်တော့မင်းကဒီနေ့မှာ သူလျှိုအေးဂျင့်ပါ မင်းရဲ့အသင်းဂိမ်းရှုံးစေမယ့် ဘယ်ဟာကိုမဆိုလုပ်ရမယ်"

ရှန်းလု : "!!!!"

သူမမျက်ဝန်းတွေတောက်ပသွားတယ်။

အနိုင်ရဖို့ကခက်ခဲပေမယ့် ရှုံးဖို့ကတော့လွယ်လွယ်လေးရယ်။

အဆုံးထိသူတို့ကမရှုံးနိုင်ဘူးဆိုရင်တောင် သူမကပွင့်ပွင့်လင်းလင်းနဲ့ညံ့ဖျင်းစွာကစားဖို့ အကြောင်းပြချက်ရှိသေးတာပဲ!

လူတိုင်းကကိုယ့်အားသာချက်ကိုအသုံးပြုပြီး ကိုယ့်ရဲ့သက်ဆိုင်ရာအလွှာမှာ ကတ်တွေကိုလိုက်ရှာဖို့ တူညီတဲ့တိုက်ပွဲအစီအစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ကံကောင်းချင်တော့ ရှန်းလုရဲ့ဒုတိယအလွှာက မောလ်ရဲ့အစားအသောက်တန်းဖြစ်နေသည်။

ကျန်တဲ့သူတွေက ကတ်တွေလိုက်ရှာနေကြသည်။ ဘာပဲဖြစ်ဖြစ် ရှန်းလုဆယ်လီတယောက်ဖြစ်ပြီး ရသစုံရှိုးများကလူသိများအောင်ကြေညာပေးတာကြောင့် သူမအချို့ပွဲဆိုင်တစ်ဆိုင်မှာဝင်ထိုင်ခဲ့ပြီး ဆိုင်ရှင်နဲ့ဆယ်ဖီရိုက်ပေးခြင်းဖြင့် နို့လက်ဖက်ရည်တစ်ခွက်နဲ့ ကိတ်မုန့်သေးသေးလေးတစ်ခုအလကားရရှိခဲ့သည်။

ကင်မရာသမားမှာမမေးပဲမနေနိုင်ပေ။
" ရှန်းလောင်ရှစ်မှာဘာအစီအစဉ်ရှိလဲ?"

ရှန်းလုကစိတ်ကောင်းဝင်နေသဖြင့် ကိတ်ကိုအေးအေးလူလူစားသောက်နေရင်း ပြန်ဖြေလိုက်သည်။
" ပြိုင်ဘက်ကိုရပ်တန့်ဖို့ကြိုးစားနေမယ့်အစား ညံ့ဖျင်းအောင်ဆော့ပြီး ကိုယ့်အသင်းဖော်တွေကိုဆွဲချတာကပိုကောင်းတယ်"

တချို့အင်တာနက်သုံးစွဲသူတွေမှာ ရှန်းလုစကားကြောင့်သဘောကျသွားကြသည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now