Chapter 17

661 86 1
                                    

ဘယ်သူကသုဿန်မှာမင်္ဂလာဓာတ်ပုံတွေရိုက်မှာလဲ?
.

ထိုအခိုက်တွင် နင်းလင်ရဲ့စတူဒီယိုကလည်း အင်တာနက်သုံးစွဲသူတွေရဲ့နှင်းဆီစံအိမ်အကြောင်း အလွန်သိချင်စိတ်ပြင်းပြနေမှုကို အခွင့်ကောင်းယူပြီး ဝေ့ပေါ်မှာပို့စ်တင်လာသည်။

@နင်းလင်စတူဒီယို (V) : [ အားလုံးနှင်းဆီပန်းတစ်ပွင့်လိုအချစ်မျိုး ဆွတ်ခူးနိုင်ဖို့မျှော်လင့်ပါတယ် (ဓာတ်ပုံများ)]

စတူဒီယိုကပုံသုံးပုံတင်ပေးလာပြီး နှစ်ပုံကနှင်းဆီစံအိမ်ကြီးအရှေ့မှာရပ်နေတဲ့ နင်းလင်ရဲ့ဆယ်လ်ဖီပုံတွေဖြစ်ပြီး နောက်တစ်ပုံကနားနေခန်းရဲ့သော့တွေကိုကိုင်ထားကာ တံခါးရှေ့မှာရပ်နေတဲ့ပုံဖြစ်သည်။

ဒါကနင်းလင်းပြောနေတဲ့နှင်းဆီစံအိမ်ကြီးပင်။ နေရာတိုင်းမှာပွင့်လန်းနေတဲ့ တောက်ပငွားစွင့်တဲ့နှင်းဆီပန်းတွေနဲ့ ရိုမန့်တစ်ရုပ်ရှင်ထဲမှာသာတွေ့ရတဲ့ လှပတဲ့ရှုခင်းတစ်ခုပင်။ ဥရောပစတိုင်ဗိသုကာလက်ရာကိုမှ နှင်းဆီတွေနဲ့အလှဆင်ထားသဖြင့် မဟာဆန်တဲ့လျှို့ဝှက်ဆန်းကြယ်မှုအရိပ်အငွေ့စွက်နေသည်။ အရမ်းလှပလွန်းလို့ ပုံအနည်းငယ်နဲ့တင် လူတွေကို‌တောင့်တစေဖို့လုံလောက်‌သည်။

ဝေ့ပေါ်ရဲ့မှတ်ချက်ကဏ္ဍမှာတော့ ထိုကဲ့သို့ပင်။

[ နှင်းဆီလိုအချစ်မျိုး....ဝန်ခံလိုက်ပါတော့! စတူဒီယိုကအက်ဒမင်ကလင်ကျန်း CP ဖန်အဖွဲ့ထဲကတစ်ယောက်မဟုတ်လား?]

[ ဒီနှင်းဆီစံအိမ်ကြီးက စုံတွဲတွေအတွက်ဓာတ်ပုံရိုက်ကူးဖို့ ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးရနေပြီ]

[ အဟင့် ဟင့် ငါလင်းလင်ကိုအရမ်းအားကျတာပဲ သူ့မှာဥက္ကဌကျန်းလို ချောမောခန့်ညား၊ ချမ်းသာပြီးအာဏာရှိတဲ့ချစ်သူကောင်လေးမျိုးရထားနိုင်တယ်]

[ နင်းလင်လိုချစ်သူကောင်လေးမျိုးမရနိုင်ပေမယ့် တူညီတဲ့စုံတွဲပုံလေးတွေတော့ရနိုင်‌ပါသေးတယ်!]

မှတ်ချက်ကဏ္ဍထဲကတစ်စုံတစ်ယောက်သည် ချက်ချင်းပင်အနှီနှင်းဆီစံအိမ်ကြီးရဲ့လိပ်စာအတိအကျကို ပေးလာပြီး လင်ကျန်းCPဖန်တွေကထိုနေရာကိုအတူသွားကြည့်ပြီး ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် အချိန်းအချက်ပြုလိုက်ကြသည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now